Could I harmonize you?(Zawgyi)

153 5 0
                                    

" Yixing မင်း ဘတ်စ်လာနေပြီလေ မသွားဘူးလား "

စီးနေကြ ဘတ်စ်လာနေလည်း နေရာက မရွေ့တဲ့ Yixing ကိုမေးလိုက်မိတယ်။

" အင်း ငါဒီနေ့ studio သွားမလို့ လေ့ကျင့်ဖို့ရှိလို့ "

ပြုံးပြီးပြန်ဖြေလာတဲ့ Yixing ပါးပေါ်မှာလည်း လမင်းငယ်လေးက ထင်းလျက်။ မပိန်လွန်းမဝလွန်း မရှည်လွန်းမပုလွန်းတဲ့ ခန္ဓာကိုယ်က တောင့်တင်းကျန်းမာစွာ။ JunMyeon လို အနည်းငယ် ပြည့်ဖောင်းတာမဟုတ်။ တစ်ခါတစ်ခါ ပြည့်ဖောင်းနေတဲ့ ခန္ဓာကိုယ် ကို မကျေနပ်။ ပြည့်ပြည့်ဖောင်းဖောင်းကိုယ်ကြောင့် စီနီယာ အစ်မ တွေ ဆီက သည်းသည်းလှုပ် ချစ်ခြင်းတော့ခံရပါရဲ့။

" JunMyeon မင်း ဘတ်စ် လာနေပြီလေ ဘာတွေတွေးနေတာလဲ သွားတော့သွား "

" အေးအေး ငါနည်းနည်းအတွေးလွန်သွားတာ သွားပြီဟျောင့် မနက်ဖြန်တွေ့မယ် "

" အေး အေး "
.
.
ဘတ်စ်ကားပေါ်တက်လာခဲ့ပေမယ့် အောက်မှာကျန်နေခဲ့တဲ့ Yixing ကို JunMyeon လှည့်ကြည့်တော့ ပြုံးကာလက်လှမ်းပြနေတဲ့ Yixing ရဲ့ အကြည့်တွေနဲ့ ဆုံလေရဲ့။

" အေး မင်း ခနခန ပြုံးပြနေတာတော့ အကြောင်းမဟုတ်ပေမယ့် ငါကတော့ ဒုက္ခ ရောက်တယ်ကွ "

တိုးတိုးလေးပြောကာ ပြုံးမိတဲ့ JunMyeon ကို ဘတ်စ်ပေါ်ကလူတွေက ကွက်ကြည့်ကွက်ကြည့် ဖြစ်နေလေရဲ့။
.
.
.
.
.
အိမ်ရောက်လို့ ရေမိုးချိုး မေမေတို့နဲ့ ညနေစာ စားပြီး အခန်းထဲရောက်တော့ စာလုပ်မယ်ဆိုကာ စာကြည့်စားပွဲ ထိုင်ရုံ ရှိသေးတယ် ဖုန်း screan ပွင့်ပြီး noti တစ်ခုတက်လာတာကြောင့် ကြည့်လိုက်မိတော့

^ အိမ်ပြန်ရောက်ပြီလား ^

Yixing ဆိုတဲ့ contact name လေးကြောင့် JunMyeon အလိုလိုပြုံးမိသွားတယ်။

^ အင်း ကြာပြီ ^

^ မနက်ဖြန် Maths စာအုပ်လေးထည့်ခဲ့ပေးဦး ငါပြန်ကူးစရာလေးရှိလို့^

^ ok ok ^

^ကောင်းကောင်းအိပ် JunMyeon Goodnight! ^

^ Goodnight! ^

Conservation လေးပြီးသွားသော်လည်း ပြုံးပြီးကျန်ခဲ့သူမှာ JunMyeon ရယ်ပါ။ စာတောင်မလုပ်နိုင်ဘဲအတွေးပင်လယ်ထဲလက်ပစ်ကူးနေရင်းနှင့်ပင် ညနက်ခဲ့သည်။
JunMyeon တစ်ယောက် Yixing နဲ့စပြီးရင်းနှီးခဲ့သည်မှာ တက္ကသိုလ် ရောက်မှသာ။ ငယ်ငယ်ကတည်းကဖေဖေ့အလုပ်ကြောင့် အိမ်ခနခန ပြောင်းရ၍ ကျောင်းခနခန ပြောင်းရသော JunMyeon အဖို့ နှစ်ရှည်လများခင်မင်ရတဲ့သူငယ်ချင်းဆိုတာ မရှိသလောက်ရှားသည်။ အထက်တန်းရောက်မှသာ Chanyeol နှင့် Kaungsoo ဆိုသော သူငယ်ချင်းလေးနှစ်ယောက် ရခဲ့လေသည်။ တက္ကသိုလ်တက်တော့ Chanyeol နဲ့ Kaungsoo ကတော့မေဂျာတူပေမယ့် JunMyeon ကတော့ မေဂျာမတူခဲ့။ ကိုယ်နှစ်သက်တဲ့ဘာသာရပ်ကို အဓိက ယူကြတာဖြစ်လို့ သူငယ်ချင်းလေးနှစ်ယောက်ကိုလဲ JunMyeon ဒီမေဂျာမယူပါနဲ့လို့ မတားရက်။ လူစိမ်းတွေကြားထဲသူငယ်ချင်းဖြစ်ဖို့ကြိုးစားရသည်မှာ ငယ်ငယ်ကတည်းကြုံတွေ့လာရသည့်တိုင် အသားမကျသေး။ အဲ့လိုမျိုးခက်ခဲခဲ့ပေမယ့် သူငယ်ချင်းတွေတော့ ရအောင် ကြိုးစားနိုင်ခဲ့သေးလို့တော်သေးသည်။ Yixing လဲ အဲ့ထဲကတစ်ယောက်အပါအဝင်ပေါ့ Yixing ကိုစသိတော့ အတန်းရဲ့ခေါင်းဆောင် EC အနေနဲ့သာ။ တဖြည်ဖြည်းနဲ့ ကြာလာတော့မှ ရင်းနှီးလာကြတာ EC တစ်ဖြစ်လည်း Yixing သည် လူမှုဆက်ဆံရေးတွင် အရမ်းတော်ပါသည်။ သူ့ရဲ့ဆက်ဆံရေးပြေပြစ်မှုကြောင့် JunMyeon နဲ့သူရင်းနှီးခဲ့သည်ဆို မမှားပေ။ ရင်းနှီးလာတာကြာလာသည်နှင့် Yixing သည် ကျောင်းတစ်ဖက်နှင့် ကိုယ်ဝါသနာပါရာ အက ကိုပါထူးချွန်အောင် လေ့လာနေသူတစ်ယောက်ဆိုတာ သိခဲ့ရသည်။ ထိုကြောင့်လည်းလေးစားအားကျမှုတို့ တိုးခဲ့ရသည်။ ဘယ်သူသိမှာလဲ? လေးစားအားကျမှုတို့ကနေ ရင်ခုန်သံတွေပါ တိုးလာလိမ့်မယ်လို့
.
.
.
.
.
" Morning! JunMyeon "

Harmonize {One Shot}Where stories live. Discover now