Chapter 2

177 23 1
                                    

(Unicode)

ရှီးချန် ကားaccident ဖြစ်ပြီး ပထမရက်...

ကျန်းချန်အိပ်မရပါ...

ဘေးမှခေါင်းအုံးလေး လွတ်နေသည်...

မနက်စာပြင်ပေးမည့်သူမရှိ...

တစ်ရက်...

နှစ်ရက်...

တစ်ပတ်...

ကျန်းချန် ဝေ့ရင်းတို့အိမ်ကိုသွားတော့ လန်ရှီးချန်နှင့်ဆုံမိသည်။ သူ့ကို ကြည့်သောအကြည့်များက အရင်တုန်းကနှင့်တော့ မတူတော့ပေ။ သူစိမ်းဆန်သည်ဟု မပြောလောက်သော်ငြား အရင်ကလိုနွေးထွေးမှုတော့အပြည့် မပါပေ။

ရှီးချန်တစ်စတစ်စတော့ပြန်မှတ်မိလာပါသည်။

သို့သော် ကျန်းချန်ကို ညီဖြစ်သူနှင့် ကျောင်းအတူတက်ခဲ့သော ''ညီလေးကျန်း'' အနေဖြင့်သာ ရှီးချန် မှတ်မိသည်။ နောက်ပိုင်းမှတ်ဉာဏ်တွေကိုတော့ ပြန်မရသေး။

ဝေ့ရင်းက စကားစလိုက်သည်။

"အစ်ကိုရှီးချန်ရဲ့ ဓာတ်ပုံသင်တန်းလေ...အစ်ကိုအဲ့သင်တန်းကပေးတဲ့ ပထမဆုံး project လုပ်ရတုန်းက ဓာတ်ပုံတွေလိုက်ရိုက်တာ ကျန်းချန်ရဲ့ ဆိုင်မှာလေ...ပန်းတွေအများကြီးမို့လို့ အစ်ကိုprojectနဲ့ကိုက်တယ်ဆိုပြီး ကျန်းချန်ကိုတောင် ဓာတ်ပုံရိုက်ဖို့ modelအဖြစ် ငှားလိုက်သေးတယ်လေ"

ရှီးချန်ကတော့ ဘာမှမသိသည့်ပုံနှင့် ရယ်ကျဲကျဲပြန်ဖြေလိုက်သည်။

"အစ်ကိုတော့ မမှတ်မိဘူးကွာ"

ထို့နောက်ဆက်၍

"ဒါနဲ့ ညီလေးကျန်းရဲ့ချစ်သူဆိုတာ...ညီတို့ အစ်ကို့ကို စနေတာ မှတ်လား...အစ်ကိုက straightပါနော်"

ကျန်းချန်၏လောကကြီး ခေတ္တရပ်တန့်သွားသည်။

ဝေ့ရင်းရော လန်ကျန့်ပါ တုန့်ခနဲဖြစ်သွားသည်။

လန့်ကျန့်က ရှင်းပြမည်အလုပ်

"မဟုတ်ဘူး...ကျန်းဝမ်းရင်က-"

" ဟုတ်တယ် အစ်ကိုရှီးချန်... ဝေ့ဝူရှန်းနဲ့ ကျွန်တော် အလောင်းအစားလုပ်တော့ ကျွန်တော်ရှုံးသွားလို့ဝေ့ဝူရှန်းက ကျွန်တော့်ကိုအဲ့လို စခိုင်းတာဗျာ...အဲ့ဒါနဲ့ ကျွန်တော်လည်း အစ်ကိုမင်ဂျွယ်ကိုပါ အကူအညီတောင်းရတော့တာ"

Forget me not [XiCheng]Where stories live. Discover now