(Unicode)
နောက်နှစ်လအကြာ...
Feb 14
လန်ရှီးချန်ရောက်လာခဲ့သည်။ ဆိုင်းဘုတ်တွင် YunMeng ဟု ရေးထားသော ပန်းဆိုင်လေးဆီသို့။ အထဲရှိ ခရမ်းရောင်အပေါ်အင်္ကျ ီနှင့် ပန်းသည်လေးကတော့ ဆိုင်ရှေ့တွင် ဝယ်သူရောက်နေသည်ကို သတိထားမိပုံမပေါ်။ တံခါးဘက်ကို ကျောပေးကာ ကုန်းကုန်းကွကွနှင့် ပန်းအိုးတွေစီနေသည်။
တံခါးကို ဖွင့်လိုက်တော့ ခေါင်းလောင်းသံလေးနှင့်အတူ
"ကြို ဆိုပါတ-"
ကျန်းချန်၏အသံ ထပ်ထွက်မလာတော့။
"အာ အစ်ကိုက မပြောမဆိုနဲ့ရောက်လာလို့ လန့်သွားတာလား"
ကျန်းချန်က အသာပြုံ းရင်း ပြောလိုက်သည်။ ရင်ထဲတွင်တော့ စို့နင့်နေသည်။
"မဟုတ်ပါဘူး...အစ်ကိုရှီးချန်ကို ကျွန်တော့်ဆိုင်မှာတွေ့ရတာပထမဆုံးမို့လို့ပါ...accident ဖြစ်ပြီးနောက်ပိုင်း......"
ထိုအခါ ရှီးချန်က ရယ်သည်။သို့နောက် ကျန်းချန်၏ ဆိုင်ကို တစ်ချက် ဝှေ့ယမ်းကြည့်လိုက်ပြီး
"အင်း...စိတ်ထဲမှာတော့ အစ်ကို ဒီကို အကြိမ်ကြိမ်အခါခါရောက်ဖူးနေသလိုပဲ"
ဒါပေါ့ ခင်ဗျားရောက်ဖူးတာပေါ့
"ဒါနဲ့ ဒီကို ဘာလို့"
ရှီးချန် တစ်ချက်ပြုံ းကာ ရွှင်မြူ းစွာပြောလိုက်သည်။
"အစ်ကို့ ကောင်မလေးကို propose လုပ်မလို့ ပန်းစည်းလာဝယ်တာ"
"........."
တစ်ခဏကြာတော့မှ
"အစ်ကို ဘာပန်းလိုချင်တာလဲ"
"အင်း အစ်ကိုလည်း ပန်းတွေအကြောင်းသေချာ မသိဘူး....ဆိုတော့က ညီလေးကျန်းကိုပဲ ရွေးခိုင်းရမှာပေါ့"
ကျန်းချန် လန်ရှီးချန်ကို ကျောပေးပြီး ပန်းအိုးတွေဘက် လှည့်ရပ်လိုက်သည်။
"ဒီနေ့က V-day ဆိုတော့ order တွေ အရမ်းများတာ...ပန်းစည်းတွေက တစ်ရက်ကြို မှာ ရမှာ...ဒါမဲ့ အစ်ကိုရှီးချန်က VIPဆိုတော့ ကျွန်တော် အခုပဲ လုပ်ပေးပါ့မယ်...တစ်နာရီလောက်တော့စောင့်နိုင်လား"
ESTÁS LEYENDO
Forget me not [XiCheng]
Fanfic!!Burmese!! (Mo Dao Zu Shi Fanfic) (Own creation) Inspired by The Jacket You Never Returned (written by daisuga)