(Unicode)
"ဘာလို့ လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ဝတ်ကြလဲဆိုတာ သိလား ..ဝမ်းရင်"
"လက်သန်းကြွယ်က သွေးပြန်ကြောက နှလုံးကို သွားလို့ဆိုလား..ဘာဆိုလား"
"အင်း အဲ့ဒါလည်းဟုတ်တယ်..ဒါမဲ့နောက်တစ်မျု ိးရှိသေးတယ်..သိချင်လား"
"ခင်ဗျား ဘာတွေကြံနေတာတုန်း"
ရှုံမဲ့သွားသော ကျန်းချန်၏ မျက်နှာကိုကြည့်ပြီး ရှီးချန် ပြုံ းမိသည်။
"ဘာမှမကြံပါဘူး..လာ..ဝမ်းရင်ရဲ့ လက်ခလယ်ကိုကွေးပြီး ကိုယ့်လက်နဲ့ ထပ်ကြည့့်..ဒီလိုမျု ိး"
ကျန်းချန် လိုက်ထပ်လိုက်သည်။
"ပြီးရင် တခြားလက်ချောင်းတွေကို မခွာဘဲ လက်မကိုခွာကြည့်..ခွာလို့လွယ်တယ်နော်..လက်ညို းရောခွာကြည့်"
ကျန်းချန်လိုက်သာ လုပ်ကြည့်မိသည်။
"လက်သန်းရောခွာကြည့်..ဒီလက်ချောင်းတွေကို အလွယ်တကူခွာလို့ရပေမဲ့ လက်သန်းကြွယ်ကို ခွာကြည့်မယ်ဆိုရင်..."
ကျန်းချန် ခွာကြည့်သည်။
"ခွာလို့မရဘူး"
"အင်း..အဲ့ဒါကြောင့်မို့လို့လည်း လက်သန်းကြွယ်မှာဝတ်တာလို့ပြောကြတယ်...ဆန်းကြယ်တယ်မဟုတ်လား ဝမ်းရင်"
<တီ တီ တီ>
နှိုးစက်သံကြောင့် ရင်ဘတ်ထဲမှ နာကျင်မှုအတူ နိုးထလာသော ကျန်းချန်။
မတွေ့သည်မှာ တစ်နှစ်နီးပါး ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုသူကား အိပ်မက်ထဲသို့ ညတိုင်းလိုလို ခွင့်ပြု ချက်မရှိ ဝင်ဝင်လာသည်။
ESTÁS LEYENDO
Forget me not [XiCheng]
Fanfic!!Burmese!! (Mo Dao Zu Shi Fanfic) (Own creation) Inspired by The Jacket You Never Returned (written by daisuga)