𝙊𝙣𝙚 ✩

2 0 0
                                    

"Kim Wuyeon !!"

တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲကနေ ထိုးထွက်လာတဲ့ သင်္ချာဆရာရဲ့ အော်သံ

Wuyeon စိတ်ထဲ တွေးမိတာကတော့ သေပါပြီ ဆိုတာပါပဲ

'Wuyeon မင်း ငါ့အချိန်မှာ ငိုက်နေပြန်ပြီလား ညက ဘာတွေလုပ်နေလို့လဲ စာကိုသေချာ အာရုံစိုက်စမ်း'

တစ်ခန်းလုံးရှေ့မှာ အော်ခံရတာမလို့ ရှိန်းတိန်းတိန်းဖြစ်သွားပေမယ့်
ဒါဟာ Wuyeon ဘဝမှာ ပထမအကြိမ်မဟုတ်ပါ heehee

' တောင်းပန်ပါတယ် ဆရာ '

'နောက်တစ်ခါဆို အတန်းအပြင်ထွက်နေ စာသင်ခန်းထဲ မဝင်ခိုင်းဘူး ကြားလား တခြားလူတွေကိုရောပြောတာနော် '
ဟိန်းဟောက်နေတဲ့ ဆရာ့အသံအဆုံးမှာတော့

' ဟုတ် ' လို့သာ ခွန်းတုံ့ပြန်မိတယ်

ဘေးက Eunbi ကတော့ တိုးတိုးတိတ်တိတ် မေးလေရဲ့
'မနေ့ညက ဘာတွေလုပ်နေတာလဲ' ဆိုပြီး

အရေးမကြီးဘူးမလား ငိုက်တယ်ဆိုတာ မနေ့ညက အိပ်တယ်
မအိပ်ဘူးနဲ့မှ မဆိုင်တာ တကယ်လို့ မနေ့ညက အိပ်ခဲ့ရင်တောင် အခု ငိုက်ချင်ငိုက်မှာပဲလေ ဟူး အဲ့ဒါကို ရေးကြီးခွင်ကျယ်လုပ်နေကျသေး ဒီလိုမျိုးသာ ဆရာ့ကို ပြန်ပြောရင် သေချာတယ် မနက်ဖြန်ကျ Wuyeon ရဲ့နာမည်က တစ်ကျောင်းလုံးမှာ နာမည်ကြီးပြီပဲ

.......................................

သင်္ချာချိန်ပြီးတော့ အားလပ်ချိန်ရတာနဲ့
ခုံပေါ်မှာ မှောက်အိပ်နေမိသည်
အတန်းထဲက ဆူညံနေပေမယ့် အိပ်နိုင်သေးပါတယ်

'Wuyeon Wuyeon!! သတင်းထူးးးး'
အာပြဲ Eunbi ရဲ့ခေါ်သံ

'ဟဲ့ အိပ်ပုတ်မရေ ထစမ်းပါ သတင်းထူးလို့ဆိုနေ'
အာ ကောင်းကောင်းကို မအိပ်ရဘူး

'ဘာလဲ ဘာလဲဟာ သူများအိပ်နေတာကို လာနှောင့်ယှက်နေတယ်!''
စိတ်မရှည်သလို ပုံစံနဲ့ ဖြေလိုက်မိတယ်

''နင်ကလဲ ငါက သတင်းထူး ပြောစရာရှိလို့ပါဟ''
လုပ်ပြန်ပြီ သတင်းထူးတဲ့ သူ့မှာလဲ အမြဲတမ်း ဘာသတင်းမဆို သတင်းထူးနေတော့တာပဲ

''ပြောပါအုံး ဘာသတင်းက ထူးနေပြန်ပြီလဲ''

''နင့်စီနီယာ Yuta က နောက်ဆုံးနှစ် အခန်း4က စီနီယာ Mira နဲ့တွဲနေတယ်တဲ့''

You've reached the end of published parts.

⏰ Last updated: Apr 29, 2022 ⏰

Add this story to your Library to get notified about new parts!

Rest of My Life Where stories live. Discover now