First Step

82 8 8
                                    

Zawgyi

ပေကျင်းမြို့ရှိလမ်းမများထက်တွင် မီးရောင်စုံများ၊ သွားလာလှုပ်ရှားသူများနှင့် စည်ကားနေသည်။ မကြာသေးမီက ရွာခဲ့သောမိုးပြေးလေးကြောင့်​ ပတ်ဝန်းကျင်ကား စိုထိုင်းလျက်။ ရုံးဆင်းခိ်ျန်ဖြစ်၍ လမ်းမတစ်လျောက် လူများ၊ ယာဉ်များဖြင့်​ ပိုမိုပြည့်ကျပ်လျက်ရှိသည်​။


ရှုပ်ထွေးဆူညံနေသော ပတ်ဝန်းကျင်နှင့်​ မသက်ဆိုင်သယောင်။ လူကူးမျဉ်းကြားတစ်ဖက်စီတွင်​လူနှစ်ဦးသည်​ မျက်နှာချင်းဆိုင်​ငေးမောလျက်။ လမ်းတစ်​ဖက်​ဆီသို့ ဖြတ်ကူးမည့်​ဟန်မရှိ။ ခြေအစုံတို့သည်​ ရပ်မြဲအတိုင်းသာ ရပ်လျက်ရှိကြသည်​။

~~~~~

"Shit !​,စောက်လမ်းကလည်း ​ပျောက်​ပဲပျောက်နိုင်လွန်းတယ်"

Yibo တစ်ယောက် မနက်တစ်ပိုင်းလုံး ရှာတာ​တောင်​ကျောင်းဆောင်အား ရှာမတွေ့သေး​ပေ။ထို့ပြင် လူပါတစ်ယောက်မှမတွေ့။ စုတ်ပြတ်​နေသော ပန်းခြံတွင်သာ တဝဲလည်လည်​ဖြစ်နေသည်​။

တစ်ဖက်တွင်လည်းXiao Zhanမိမိကားလေးအတိုက်ခံရသည် ​ဟုဆိုသောကြောင့်
ကန်တင်းမှာမုန့်စားရင်းတန်းလန်း ထပြေးလာရသည်။ မိမိကားလေးသူ့ဘာသာ အေးဆေးနေသည်ကို ဘယ်ဒူးမနာသားက ဝင်တိုက်သွားလည်းမသိ။ ကားထားရာသို့ အမြန်ရောက်ရန် ပန်းခြံဟောင်းမှဖြတ်ပြေးရသည်။ ပါးစပ်မှလည်း

"ငါ့သားလေး ငါ့ကားလေး"

ဟုတတွတ်တွတ်ရွတ်​၍ကားရှိရာသို့ အမြန်​​ရောက်​ရန်​ ပန်းခြံ​ဟောင်းမှ ဖြတ်​​ပြေး​နေရသည်​။

"ဟို ... ဒီမှာ..ဒီမှာ.. ​ပြေး​နေတဲ့အစ်​ကို"

ပန်းခြံတစ်​ဖက်​တွင်​ ​ပြေး​နေ​သောသူအား Yibo လှမ်း​ခေါ်လိုက်​သည်​။ ​နောက်​ဆုံး​လူတစ်​​ယောက်​ကို ​တွေ့ပြီဖြစ်​၍ အလွန်​ပင်​ ​ပျော်​ရွှင်​သွားသည်​။

Xiao Zhanပြေးနေရင်း ကြားလိုက်ရသော
ခေါ်သံကြောင့် ပြေးနေရာမှတုန့်ခနဲရပ်လိုက်သည်။ အသံကြားရာကို လှမ်းကြည့်​​တော့ ပန်းရုံတစ်ဖက်၌ သူနှင့်ရွယ်တူေ​​​​​လာက်​ရှိသည့်​ ​ကောင်​​လေးတစ်​​ယောက်​နှင့်​ မျက်​နှာချင်းဆိုင်​မိသည်​။ တစ်​ဖက်​မှ တော်တော်နဲ့စကားမစလာပဲ တစ်​​ယောက်​​တည်း ပြုံးစိစိဖြစ်​​နေ၍ ​​​Xiao Zhanဘက်ကသာစကားစလိုက်သည်။

First Step(One Shot)Where stories live. Discover now