မင်းသာဆိုရင်.....

374 29 16
                                    

Nanon'Pov

ကျ​နော် အခု​ရောက်​နေတဲ့​နေရာက ကျ​နော့်ရဲ့ ကိုယ်ပိုင်​နေရာလို့ ​ပြောလို့ရတယ့် သူ့အိမ်​ရှေ့က ပန်းခြံ​လေး...
ဘာလို့ ​ရောက်​နေရတာလဲ ဆိုရင် သူ​ခေါ်လို့
တနည်း သူနဲ့ သူ့​ကောင်မ​လေးနဲ့ အဆင်မ​ပြ​ေလို့ သွား​သောက်မလို့တဲ့
အဲ့တာ ကျ​နော့်ကို လာ​ခေါ်ခိူင်းတာ

နည်းနည်း ရင်နာစရာ​ကောင်း​ပေမယ့် အနည်းဆုံး ဒီလို ​ကျောင်းပိတ်ရက်​တောင် သူ့မျက်နှာ မြင်ရပါတယ်​လေ.....

သူဆိုတာ ကျ​နော်နဲ့ ​ကျောင်း​နေဖက် ငယ်သူငယ်ချင်း​လေး
နည်းနည်းရည်းစားရုှပ်တတ်​ပေမယ့်...သူငယ်ချင်း​တွေကို တအားခင်တတ်တဲ့ ​ကောင်​လေး
Family backgroundက အရမ်း​ကောင်း​ပေမယ့် သူက မိသားစုကို မုန်း​နေတာ
သူ့မိဘ​တွေက အရမ်းကြီးဂရုစိုက်တဲ့ထဲ မပါ​တော့ သူက ဆိုးတာ​ပေါ့..
ကျ​နော်ရယ်Ohmရယ်ကပဲ
သူ့ကို လိုက်ထိန်း​နေရတယ်
​ငွေကို ​ရေလို့သုံးနိုင်တဲ့ သူ​ဌေးသား​ပေါ့ဗျာ

📞📞
Chimon: :​ဟျောင့် ​ရောက်ပီလား
Nanon: :​အေး..မြန်မြန်ဆင်းလာခဲ့ အပြင်မှာ နည်းနည်း​အေးတယ်..​နွေးတာ တခုခု ဝတ်ခဲ့အုန်း
Chimon: :​အေးပါကွာ...မင်းကပွားလိုက်တာ

​​ရောက်လာ​တော့ ​နွေးတာဝတ်ခဲ့ဆို မဝတ်ခဲ့ဘူး
ငါ​နော်...တကယ် စကားနားမ​ထောင်တာက​တော့...စံထားရတယ် သူက ကျ​နော်ထက် လပိုင်း​လောက်ကြီး​ပေမယ့်...စိတ်က က​​လေးစိတ် လူကို အရွဲ့တိုက်တာလဲ လွန်​ရော အရာအားလုံးထက် သူ့ကို ဦးစားမ​ပေးရင်လဲ ​ကောက်​ရော...သူကျ ​ကောင်မ​လေး​တွေကို ထည်လဲ တွဲပီး​တော့...ကျ​နော်တိူ့​တွေ ကျ ရည်းစားထားရင် သူ့ကို အရင် အသိ​ပေးပါတဲ့

"သွားမယ်​လေ ဘာလုပ်​နေတာလဲ"

"​အေး သွား​လေ မင်းပဲ သွား​သောက်ချင်တယ်ဆို မင်းသွားချင်တဲ့ ​နေရာသွား​ပေါ့"

အဲ့တာနဲ့ ကျ​နော်တို့ ၂​ယောက် ဘားကို ​ရောက်သွားကြတယ်​ပေါ့ဗျာ...ဘား​ရောက်​တော့ohmကို ​ခေါ်ရ​သေးတယ်..မဟုတ်ရင် သူ့ကို မ​ခေါ်လို့ ဆိုပီး ​အဖွားကြီးလို တပတ်​လောက် ပွား​နေအုန်းမှာ... ကျ​နော် ၃​ယောက်ထဲမှာ ohmက အ​အေးဆုံးကျ​နော်တို့၂​ယောက်က​သွေးဆူလွယ်​ပေမယ့်..ohmက အမြဲ ​သွေး​အေးတယ်..​ခေါင်း​အေး​အေးနဲ့ စဥ်းစားတတ်တယ် ကျ​နော် ၂​​ကောင် ​ပေါင်းပီး​မွှေသမျှလဲ သူ ​ဖြေရှင်း​ပေးတတ်တယ် ပီးရင်​တော့ ၂ပတ်​လောက် နားငြီးခံရတာ​ပေါ့ဗျာ...

Midyear (One Shot)❤Where stories live. Discover now