ခုံပေါ်မှာ ခေါင်းငိုက်စိုက်နေသည့် Geကို နောက်က ထောက်တိုင် ဖြင့် ထောက်ကာ ပြန် မတ်ပေးလိုက်သည်..ပိတ်နေသည့် မျက်ခွံ ပေါ်ကို ကြည့်ကာ ရင်ထဲက တဆစ်ဆစ်နာလာသည်..ဒီမျက်ဝန်းလေးတွေ..ကြည်တောက်နေသည့် မျက်ဝန်းလေးတွေကို မြင်ခွင့်မရတော့ဘူး..
အရင်က ဒီမျက်ဝန်းလေးတွေ နဲ့ သူ့ကို ကြင်နာစွာ ကြည့်ကာ ချစ်တယ်ဆိုသည့် စကားကို အမြဲပြောတက်သူ..ခုတော့ မပြောနိုင်တော့ဘူး..
ဖြူဖျော့ကာ ခြောက်သွေ့နေသည့် နှုတ်ခမ်းလေးပေါ်မှာ Lip Blamလေးကို ဖွဖွ လိမ်းပေးကာ ဖိနမ်းလိုက်သည်.."Ge က စမနမ်းရင် ကျွန်တော် က နမ်းမယ်..အရင်က ကျွန်တော်စနမ်း ရင် Ge အရမ်းပျော်တယ်မလား..ခု ဘာလို့ ကျွန်တော့်အနမ်းတွေ ကို မတုံ့ပြန်တော့တာလဲ"
ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ကာ မျက်နှာ နုနုပေါ် အရင်က Geလိမ်းနေကျ Creamလေးကို လိမ်းပေးကာ ပေါင်ဒါလေးကို ဖွဖွတို့ပေးလိုက်သည်..
"မိန်းမဆန်တယ် မပြောနဲ့နော်..ဒီနေ့က ကျွန်တော်တို့ လက်ထပ်မှာဆိုတော့ Ge ချောနေမှ ဖြစ်မှာ"
ပါးပြင်နုနုကို ဖိကပ်နမ်းရင်း..နှုတ်ခမ်းအောက်က မှဲ့လေးကိုပါ ဖိနမ်းလိုက်သည်..
Geရဲ့ လက်ဖဝါးနုနုကို ဆုပ်ကိုင်လိုက်တော့ အရင်လိုနွေးထွေးမနေတော့.."ဒီလက်တွေနဲ့ ဆိုးရွားတဲ့ ကျွန်တော့် ကို ရိုက်ပါဦး..Ge မေတ္တာနဲ့ မတန်တဲ့ ကျွန်တော့်ကို ဆုံးမ ပါဦး"
"........"
"ကျွန်တော်မဆိုးတော့ဘူး...ကျွန်တော်နောင်တတွေရနေပါပြီ..Ge မကြိုက်တာတွေ မလုပ်တော့ဘူးလေနော်"
"......."
"ကျွန်တော့် ကို ကြည့်ပါဦး..အရင်က လိုကျွန်တော့်ကို Geရင်ခွင်ထဲ ထည့်ထားပါဦး..အရင်ကလို ကျွန်တော့် ကို နမ်းပါဦး..ကျွန်တော့်ကို ချစ်တယ်လို့ ပြောပါဦး"
"........."
ထိုင်နေသည့် Geပေါင်ပေါ်မှာ မျက်နှာ အပ်ကာ ရှိုက်ကြီူတငင် ငိုမိသည်..
"ကျွန်တော် Geကို လွမ်းတယ်.."
....
လွန်ခဲ့သော သုံးနှစ်ခန့်က...