Part 6

366 25 0
                                    

အသည်းခါးခါး Part 6

ခါး ဒီနေ့ကျောင်းလာတော့ မာန်နဲ့တူတူ မဟုတ်ဘဲ တစ်ယောက်ပဲ ဖြစ်နေသည်။
ထီမထင် ကလဲ ခါး နောက်က ပါလာတာမို့
ခါးမျက်နှာက အလိုမကျတော့ပေ။
ဒီလိုမိုးအုံ့နေရင် လူက  စိတ်အဆင်မပြေပါဘူးဆိုနေမှပဲ...
ဒေါသထွက်ထွက်နဲ့ ခါး စကားလှည့်ပြောလိုက်သည်။

"ထီမထင် ငါးရက်ပြည့်ပြီးပြီကို ရှင်ဘာလို့ခါးနောက်လိုက်နေသေးတာလဲ"

"ခါးရဲ့ကိုယ်ကမင်းကိုကူညီမို့ပါ မင်းဒီရက်တွေမှာ ကိုယ်ထဲနေလို့မကောင်းဘူးမလား ခေါင်းထဲ မူးနောက်နောက်နဲ့လေ။

"ရှင်ဘယ်လိုသိလဲ"

"ဘယ်လိုသိလဲဆို မင်းကိုအဲ့လိုဖြစ်အောင် ကိုယ်ပဲလုပ်ခဲ့တာကိုး"

" ...."

"ကိုယ်တို့နောက်ဆုံးတွဲခဲ့တဲ့ နေ့က coffee ကိုမှတ်မိလား ခါး အင်း...အဲ့ထဲကိုယ်ထည့်ထားတာ သူက အမေရိက က ဓာတုပညာရှင် တစ်ဦးဖော်ထားတဲ့ဆေးပဲ ဆေးဆိုပေမယ့် ဘာမှမဖြစ်ဘဲသောက်မိရင် အဆိပ်ပဲ..ကိုယ့်ဆီကဖြေဆေးမရရင်မင်း နောက်သုံးရက်အတွင်းမှာ...အင်း"

"ဆိုတော့...ရှင်ဘာလိုချင်တာလဲ"

"ကိုယ့်ကိုလက်ထပ်ပါ"

"ဟာသပဲ"

"ဒါဆိုရင်တော့ ကိုယ့်ကိုခွင့်လွှတ်ပါခါး..."

"ရှင်ဘာပြော...."

ခါးစကားကိုဆုံးအောင်မပြောရခင်မှာ မေ့ဆေးပုဝါနဲ့အုပ်ခံထိလိုက်ရသည်။

"Sorry ခါး မင်း မေ့သွားမှ ကိုယ်ကျန်တာ ဆက်လုပ်လို့ရမှာ"

"..."

အကယ်၍ ထီမထင်သာ သတိထားမိခဲ့ရင် ထိုနားမှာ လူရိပ်တစ်ခုရှိနေတာကိုသိနေလိမ့်မည်ဖြစ်သည်။

>>>>>>>

ရောင် ဒီနေ့လည်း ဟိုနှစ်ကောင်ကို မစောင့်ဘဲ ကျောင်းကိုလာလိုက်သည်။
အချစ်က အနားမှာပဲလေ သူတို့ကိုမလိုပါဘူး။

ထိုစဉ် ကားဘေးမှာ လာရပ်တဲ့ပုံရိပ်တစ်ခု...။

"မင်းက နေမင်းဂုဏ်ရောင် နော် "

နာမည် အပြည့်အစုံနဲ့လာကတည်းက အန္တရာယ် အနံ့အသက်ကို ရောင်ခံစားလိုက်ရပြီဖြစ်သည်။
ဘာမှဆက်မပြောရသေးခင် ထိုလူ့ဘေးမှာ နောက်ထပ် လူနှစ်ယောက်နှင့်...
ရောင့်အနောက်တွင် နောက်၂ ယောက် နေရာယူထားကြသည်။

အသည္​းခါးခါးWhere stories live. Discover now