မိုးသောက်စင်စင်လင်းတဲ့ ဒီမနက်ခင်းကဂျောင်ကု
အတွက်တော့ထူးထူးခြားခြားလှပနေပြန်တယ် မနက်
စောစောစီးစီးထလေ့မရှိပေမယ့် ဒီနေ့တော့တက်ကြွ
စွာသူ နိုးထလာခဲ့တယ်အကြောင်းကတော့မဆန်းပါဘူး ဂျောင်ကုတစ်ယောက် ဂျီမင်း နဲ့သိပ်တော့အဆင်မပြေပေမယ့်
ခါတိုင်းထက်တော့ အခြေအနေတိုးတက်လာတယ်
လို့ပြောလို့ရတယ် သူ့ရဲ့မန်နေဂျာပြောပုံအရဂျီမင်း
က ရှောပ့်ပင်ထွက်ချင်တယ်လို့်ပြောသံကြားတယ်
အဲ့တော့ ဒီနေ့ကိုယ်က သူ့တ်ိုက်ရှေ့မှာသွားစောင့်မယ်
ပြောရရင်တော့အမှတ်ယူတာပေါ့နော်ဂျောင်ကု တွေးရင်း သူကျေနပ်နေမိတယ် မနက်ဆယ်
နာရီမှဆိုပေမယ့် သူစောစောထပြီသူပြင်ဆင်ထားချင်မိတယ် အဓိကကတော့ ဂျီမင်း ရှေ့မှာကြည့်ကောင်း
ချင်နေတယ်ဆိုတဲ့အချက်ကိုတော့သူလျစ်လျူရူထား
မိလိုက်တယ်ရေမိုးချိုး ပြီး သိပ်ပြီးပြင်ဆင်လေ့မရှိတဲ့ ဂျောင်ကုက
အခုတော့မှန်ရှေ့ကနေ မခွာနိုင်ဖြစ်နေမိတယ်*ဒီဟာလား..သို့မဟုတ် ဒီဟာလား
ကုတင်ပေါ်မှာ တင်ထားတဲ့ အဝတ်ပုံကိုကြည့်ရင်း
ဂျောင်ကုဝေခွဲမရဖြစ်နေမိတယ် ကြံရာမရတဲ့အဆုံး
ဆိုးဘင်ကိုခေါ်လိုက်ရတော့သည်*ဆိုးဘင်လာအုံး ဒီကို
*အကိုလေး အခုချိန်ထိ အဝတ်စားမဝတ်ရသေးဘူး
လားဗျာ*အဲ့တာပြောမလ်ို့မင်းငါ့ကိုကူရွှေးပေးစမ်းပါကွာ
ခါတိုင်း သူအဝတ်စား ဝတ်နေရင်လာရူပ်ရင်မကြိုက်
တဲ့သူက အခုတော့ထူးထူးဆန်းဆန်းအကူအညီတောင် တောင်းနေပါလား*အကိုဂျောင်ကု ရယ် အကိုကဘာဝတ်ဝတ်ကြည့်
ကောင်းပြီးသားပါ ထွေထွေထူးထူး ဝတ်စရာမလို
ပါဘူး