"နှုတ်ဆက်ပါတယ် Iori "
" nii .... nii san ( နီးစံ = အကို )! Iwaki nii san !!!!!!!"
ကျောခိုင်းသွားတဲ့ Iwaki ဟာ Ioriရဲ့ခေါ်သံကို မကြားသည့် သယောင် ! သူဟာ ပြန်လှည့်မလာဘဲ အမှောင်ထုထဲသို့ ပိုတိုးဝင်လို့သွားတယ် !
"Iwaki nii san !!!!!! "
ပြေးလိုက်မိတဲ့ Iori ခြေထောက်တွေဟာ နှေးလွန်းနေသည် ထင်၏ ! Iwaki ကျောပြင်ဟာ ရုတ်ချည်းဆိုသလို သူနဲ့ ပိုပိုဝေး၍သွားလေသည် !
"Iwaki nii san !!!!!!!"
Iori ရင်ဘတ်ထဲက အဆုတ်တွေ ပွင့်ထွက်မတပ် အော်လိုက်သော်ငြား လက်တွေ့မှာ အသံက တစ်စက်မှ ထွက်ကျမလာခဲ့သလိုလို ...
" nii san မသွားပါနဲ့ ! ဟင့် ~"
" ....ori ....Iori ! Iori !!"
"ဟင် ?"
ရုတ်တရက် ခပ်မာမာအသံနှင့်အတူ Iori ခန္ဓာကိုယ်တစ်ခုလုံး လှုပ်နှိုးခံလိုက်ရတယ် ! ဝေဝေဝါးဝါး မျက်လုံးတွေ ကြည်စင်လာတဲ့အခါ မျက်ခုုံးတွေ တွန့်ကွေးထားပေမယ့် စိုးရိမ်ပူပင်ဟန် အနည်းငယ်စွက်နေတဲ့ Kokonoe samaမျက်နှာက သူ့အပေါ် ဆီးမိုးလို့ ...
"Iori မင်းဘာဖြစ်တာလဲ ?"
အိပ်နေရင်း ပါးပေါ် မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ စီးကျနေတဲ့ Iori ကို ကြည့်ရင်း Kokonoe တစ်ယောက် နားမလည်နိုင် ဖြစ်နေသလိုပဲ ! သူအထင် Iori တစ်ယောက် နာကျင်မှု တခုခု ခံစားနေရလို့ လို့ တွေးပုံရသည် ! Iori လက်တွေ ခြေထောက်တွေကို တောင်မြှောက် မြောက်မြှောက်လုပ်ရင်း ဒီနားနာလို့လား ဟိုနားနာလို့လား မေးနေတယ် !
"ဟင့်အင်း မဟုတ်ဘူး မနာဘူး !"
"နို့ ဒါဖြင့် ဘာကိစ္စ ညဉ့်နက်သန်းခေါင် အိပ်ရင်း ထငိုတုန်း ?"
မြေခွေးကြီးက လက်ပိုက်လိုက်တယ် ! ပြီးတော့သူ့မျက်မှောင်ကို ကုတ် ... နားရွက်တွေကို တဖြတ်ဖြတ်ခတ်ရင်း မေးခွန်းထုတ်လေတော့သည်!
ESTÁS LEYENDO
Unbreakable ( Unicode Version )
FanficThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^