Unicode & Zawgyi

87 6 1
                                    

Bond Of love

Unicode

ပြာလဲ့လဲ့ ကောင်းကင်ယံထက်မှာတိမ်တိုက်တွေ ကြားထဲ တိုးဖောက်ဝင်ရောက်လာနေတဲ့ လေယာဉ် လေးတစ်စီးက ဆိုက်ရောက်ရမယ့်လေဆိပ်သို့
ပျံသန်း ဦးတည်နေသည်။

သို့သော် ထိုကောင်းကင်ယံက လေယာဉ်ဆိုက်ရောက် ခါနီးတွင် မြူမှုန်မြူခိုးများက ဖြည်းညင်းစွာ ကမ္ဘာမြေ
ပေါ်သို့ လေယာဉ်နှင့် အပြိုင်ကျရောက်နေလေပြီ။ ဒါက တစ်နှစ်တာလုံးရဲ့ ဆောင်းရာသီ နောက်ဆုံး အခြေအနေ တစ်ရပ်ပင် ဖြစ်လေသည်။

ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် ကျဆင်းနေတဲ့ မြူခိုးမြူမှုန်လေးတွေက လေယာဉ်ပေါ်သို့လိုက်ပါ စီးနင်းလာတဲ့ခရီးသွား.ဧည့်သည်တို့ကိုအအေးဓာတ်အပြုံးလေးများနှင့် ဆီးကြိုစပြုနေသည်။

ကနေဒါတွင်2နှစ်သာ တာဝန်နှင့်အကြောင်းအမျိုးမျိုး ကြောင့် သွားခဲ့ရပေမယ့် ယခုတွင်တော့ ထိုနိုင်ငံလေး ကို နှုတ်ဆက်နိုင်ခဲ့ပြီ။

ယခုပြန်လာချိန်ကလည်း ပေကျင်းမြို့၏ဆောင်းရာသီ အကုန် ဖြစ်နေသောကြောင့် လေယာဉ် ဆင်းခါနီးတွင် ဧည့်သည်များသည်ပင်လျှင် မျက်နှာလေးတွေ ဖြူဖတ်စွာ နဲ့ အလွန်အမင်း ချမ်းနေသည့် ပုံစံတြွေဖစ်နေကြသည်။

လေယာဉ် ပေါ်တွင် အပူဓာတ်တွေ ပေးထားတာ မလုံလောက်ဘူးလို့ဘဲ သတ်မှတ်ရမည်ထင်ပါသည်။

ရှောင်းကျန့်လေးလည်း သပတ်အစိမ်းလေးနဲ့
ကုတ်အမည်းရောင် ခါးရှည်ကို ၀တ်ကာထိုင်နေသည်။ သူ၏စိတ်ထဲတွင် အတွေးလွန်နေသည်။

သူတွေးနေသည်က တစ်ချိန်ကသူ့ဘဝထဲသို့ အမှတ်မထင် ရောက်လာတဲ့ ဝမ်ရိပေါ်ဆိုသည့် လူသားလေး အကြောင်းပင်ဖြစ်သည်။ တွေ့ခဲ့ရသည့် အချိန်ကာလ အတိုင်းအတာက နည်းပါးပေမယ့် ဖြစ်ပေါ်လာသည့် အမည်မသိ သံယောဇဉ် နှောင်ကြိုးလေးတစ်ခုက အချိန်ကာလ နှင့် မလိုက်ဖက်အောင်ပင် ခိုင်မြဲနေသည်။

တွေးလက်စ အတွေးကို ရပ်ပစ်လိုက်သည်။ အကြောင်းက လေယာဉ်မယ်ကလေယာဉ်ဆင်း တော့မည်ဖြစ်ကြောင်း သတိပေးကာ အော်နေလေပြီ။  သတိထားကာ ဂရုတစိုက်ထိုင်နေလိုက်ပြီးအသက်ကို ပုံမှန်ရှုနေလိုက်တယ်။ လေယာဉ်က လေဆိပ်ပေါ်သို့ မိနစ်အနည်းငယ် အကြာမှာဆိုက်ရောက်သွားခဲ့လေပြီ ရှောင်းကျန့် က သူ့lagguge ကို စောင့်ယူကာ လေဆိပ်မှ ထွက်လာလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 20, 2020 ⏰

Add this story to your Library to get notified about new parts!

Bond of LoveWhere stories live. Discover now