စာမျက်​နှာ တစ်​ဆယ်​(စာမျက်နှာ တစ်ဆယ်)

3.8K 564 20
                                    

တစ်​​နေ့တစ်​​နေ့​ကျောင်းတက်​လိုက်
Taehyungချက်​​ကျွေးသမျှ​တွေစားလိုက်​နဲ့Jiminရဲ့ဘဝကအပူအပင်​ကင်းသည်​။
သူ့ကိုအလိုလိုက်​လွန်းတဲ့Taehyungကလည်း
မျက်​နှာကိုတစ်​ချက်​အပျက်​မခံ...။
သောက်​​နေကြဒိန်​ချဉ်​ဘူးကို​တောင်​ ​ရေခဲ​သေတ္တာထဲမှာမပျက်​​စေရ...။

အဲ့​လောက်​ထိအချစ်​ခံ​နေရ​ပေမယ့်​ တုံးလွန်းတဲ့Jimin​လေးက​တော့ Taehyungပြုမှုသမျှကို
တာဝန်​အရလို့သာထင်​​နေခဲ့သည်​။
သူကိုယ်​တိုင်​လည်းTaehyungကိုတစ်​​နေ့ထက်​တစ်​​နေ့မှီခိုလာခဲ့​ပေမယ့်​ သတိမထားမိခဲ့...။

ဒုတိယနှစ်​​ဖြေအပြီး ​ကျောင်းကလူ​တွေနဲ့ခရီးထွက်​ခဲ့သည်​။
ငါးရက်​သာကြာတဲ့ခရီး​မှာ မ​ပျော်​နိုင်​ဖြစ်​​နေရတဲ့သူကJimin...။

ပထမတစ်​ရက်​နှစ်​ရက်​ဖုန်းဆက်​ပြီး ​နောက်​ရက်​​တွေဖုန်းဆက်​မလာ​တော့တဲ့ Taehyung​ကြောင့်​လူက​နေမထိထိုင်​မသာ။

"ပြန်​​ရောက်​မှ​တွေ့မယ်​ အဲ့လူ"

ဖုန်းကိုခဏခဏထုတ်​ကြည့်​ပြီးကြိမ်းဝါး​နေတဲ့Jiminကိုကြည့်​ပြီးSoraသက်​ပြင်းချသည်​။
ပြော​တော့စိတ်​ထဲမရှိပါဘူး​လေး ဘာ​လေးနဲ့
ဒီသ​ကောင့်​သားဟာဖုန်း​လေးမဆက်​တာကို​တော်​​တော်​ဖြစ်​​နေတာ။

"သူ့မှာစာ​မေးပွဲပြီးတာ​တောင်​နင်​တို့ငါတို့လိုခရီးမထွက်​နိုင်​ပဲ
သူ့အ​ဖေအလုပ်​​တွေကူ​နေရတာ​လေဟယ်
နင်​ကလည်း နည်းနည်းပါးပါးနားလည်​​ပေး​ပေါ့"

"စာ​လေးတစ်​​စောင်​​တော့ပို့သင့်​တယ်​မလား
ဒီဘက်​ကစိတ်​ပူ​နေမယ်​မှန်းမသိ ဘာမသိနဲ့"

"နင်​ကသူ့အ​ပေါ်ဘယ်​နှစ်​ခါများဂရုစိုက်​ဖူးလို့လဲ
ဟိုကပဲနင့်​မျက်​နှာကြည့်​ပြီးဖြည့်​ဆည်း​ပေး​နေရတာကို"

မှန်​တာ​ပြော​တော့လည်းမျက်​နှာကညှိုးကျသည်​။

"မျက်​နှာကိုပြင်​စမ်းပါ
ငါ့မှာငါ့crushနား​တောင်​မသွားနိုင်​ဘူး
နင်​အပူ​တွေနား​ထောင်​​ပေးရတယ်
အမ​လေး လင်​ရှိတဲ့ဟာ​တွေများ ​ကောင်းကိုမ​ကောင်းဘူး"

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now