'Love is when you are hurt like hell but you still miss the person who hurt u'
Love Late ဆိုတဲ့ chinese bl novel လေးကတော့ Author Lan Linရေးထားတဲ့ bl တစ်ပုဒ်ဖြစ်ပါတယ်။ Author Lan Lin က A round trip to love ရေးတဲ့သူဖြစ်ပါတယ်(chiness bl fan တော်တော်များများတော့သိကြမှာပါ) ။ Love Late လေးက တအားကောင်းတဲ့ နောက်ထပ်လက်ရာတစ်ခုပေါ့။အစပိုင်းမှာတော့ ပူစပ်စပ်အရသာလေးပါ။နောက်တော့ ခါးသက်လာပြီးတော့မှ တဖြည်းဖြည်းချိုမြိန်လာပါတယ် ။
ဇာတ်လမ်းလေးကတော့ အသက် သုံးဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ လူပြိုကြီး Lee Mo Yan ရဲ့အကြောင်းပါ။
Lee က တကယ့်ကိုနှာဘူးထတဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးချောချောလေးတွေကိုမှ နှစ်သက်တဲ့ (seme)အပေါ်ထပ်က မဆင်းသူကြီးပါ။ ဘ၀တစ်လျှောက်လုံး One Night Stand တွေနဲ့ဖြတ်သန်းနေခဲ့ပေမယ့် အသက်ကြီးလာတာနဲ့အမျှ အထီးကျန်မှာကြောက်နေတဲ့ သူကြီးပေါ့ ။တစ်ညမှာတော့ သူ့ရဲ့အကြိုက်နဲ့တစ်ထပ်တည်းကျတဲ့ကောင်လေး ချောချောလေး Ke Luo (အနာဂတ်လောင်ကုန်း)နဲ့သွားတွေ့ပါတယ်။ Leeကတော့အကြံဆိုးကြီးနဲ့ Ke Luo လေးကိုစားဖို့လုပ်ပါတယ်။ဟိုကလည်းလိုလိုချင်ချင်နဲ့နှစ်ဦးသဘောတူ together papapa ကြတယ်ပေါ့နော်။ ဒါပေမယ့် အပေါ်မှာ တသက်လုံးနေခဲ့တဲ့ Lee ကတော့ Ke Luo နဲ့တွေ့မှာအောက်ဆင်းပေးလိုက်ရပါတော့တယ်။ကိုယ့်ထက် ၁၈ နှစ်လောက်ငယ်တဲ့ ကလေး ရဲ့ Topတာခံလိုက်ရပါတယ်။ ဟုတ်ပါတယ် Ke Luo က ၂၀ ပဲရှိသေးတာပါ။
ပြီးတော့ Leeက သူ့ရဲ့ပထမဆုံးပါ။ Leeကတော့ Ke Luo ကို သူက ၃၀ နားနီးပြီလို့ ညာခဲ့တာပါ။Luo Luo ကလည်းယုံပါတယ်။Lee ကလည်း နုပျိုပြီးခန့်ငြား ပါတယ်။လုံး၀ seme type ပါပဲ။ နုနုယွယွ uke
လေးတွေကိုသာကြိုက်တတ်တဲ့ ကိုယ့်အတွက်ကတော့
Lee ကထူးထူးခြားခြားဆွဲဆောင်မှုရှိတယ်။Lee နဲ့ Ke Luo တို့ Making Love ကြတဲ့အခန်းတွေကလည်းမိုက်ပါတယ်။ အပေါ်ထပ်ကိုလုနေကြတာကိုး😂
ရှားရှားပါးပါး seme x seme ပါ။
အစကတော့ Lee က Ke Luo ကို one night stand လို့သတ်မှတ်ခဲ့ပေမယ့်နောက်တော့ တကယ်ကြီးကြွေသွားခဲ့ပါတယ်။ သူတို့ရဲ့ပထမညကဆို ခံရတာသူမဟုတ်တဲ့အတိုင်းပဲ ကိစ္စတွေပြီးတော့Leeက Luo Luo ကိုချန်ပြီးအရင်ထွက်သွားခဲ့ပါတယ်။
YOU ARE READING
Melodramatic , Angst Bl Novel Recommendations
General Fiction'' Only Recommendation'' Black Coffee တစ်ခွက်က သင့်ကိုစွဲလန်းနိုင်စေသလို Melodarmatic or Tragedy ဆန်တဲ့ Novelsတွေက လည်းသင့်ကိုစွဲလန်းအောင်ပြုစားနိုင်ပါတယ် (အသည်းကွဲနေရင်း scumbag seme တွေကိုဆဲရတဲ့ ဖီလင်ကလည်းတော်တော်ကောင်းပါတယ်)😀