Chapter 15💛 (uni)

2.5K 180 1
                                    

"ကျန့်ကော…"

ခနသူ့အသံတွေတုန်နေသလားလို့။ကျနော်ပဲစိတ်ထင်လို့လား။ပင်ပန်းတာတွေများ နေပြီပဲ။

"အွန်းပြောလေ"

"ကျန့်ကော အခုအားလားဟင်"

"အင်းအခုပဲ အလုပ်ပြီးသွားတာ ပြောလေ"

"ကျန့်ကောနဲ့ခနတွေ့လို့ရလား"

"ရတယ် ဒါမှမဟုပ်‌ကောဆီလာအိပ်မလား"

"အွန်းလေ ကကျေတာ်ကို အခုလာကြိုလို့ရမလား"

"အခုဘယ်ရောက်နေတာတုန်း"

"မှတ်တိုင်တခုမှာ"

"ဘယ်သွားလို့တုန်း ??ခနကောလာကြိုမယ်ခနပဲစောင့်"

ပြောပြီးပြီးချင်းအပေါ်ကုတ်လေးတခုကိုဆွဲယူပြီးထွက်လာလိုက်တယ်။တံခါးကိုပိတ်ပြီးကားပါကင်ကိုအလျှင်စလိုဦးတည်မိတယ်။ညဘက်ရောက်ခါနီးမို့ စိတ်ကမချချင်‌တာကြောင့်များလား။အရမ်းေွအေလျှင်လိုမ‌ိနေတာ။

ဘာလို့ခေါင်းက ရိပ်ကနဲမူးမူးသွားလည်းမသိဘူး။ထိုင်တာ ကြာသွားလို့များလား။ဒီနေ့အလုပ်တအားလုပ်မိပုံပဲ။အပြန်ကျဆေးသောက်ရအုံးမယ်လို့တေးထားလိုက်တယ်။အကောင်ပေါက်ကလေးကမြင်ပြီးစိတ်ပူနေမှာကဆိုးရ‌သေးတယ်။

နှစ်လှမ်းသုံးလှမ်းလောက်ပဲလှမ်မိသေးတယ်ခေါင်းတခုလုံးချာချာလည်ပြီး လဲကျသွားတယ်။တကယ် ကျနော်အကောင်ပေါက်လေးကိုသွားခေါ်ရမှာကို။

………
ညင်းသွဲ့သွဲ့လေပြေလေးကပြတင်းပေါက်ကနေတဆင့် အခန်းလေးထဲကိုတိုးဝှေ့နေတယ်။ခန်းစည်းပါးပါးလေးက လေပြေရဲ့ကြည်စယ်မှုမှာလွင့်လူးနေတယ်။ နေရောင်နုနုက မိက်နှာပေါ်ကိုကျရောက်လာတော့ မျက်တောင်လေးတွေက လှုပ်လာတယ်။တဖြည်းဖြည်းအာယူကာဖွင့် ကြည့်လိုက်မိသည်။

လက်မှာလည်းဆေးပိုက်တန်းလန်းနဲ့။ဒါပေမယ့်လဲ့လက်ပေါ ်မှာခပ်လေးလေးလေးခံစားမိနေတယ်။အသာငုံ ကြည့်မိတော့ ကျနော်အကောင်ပေါက်ကလေးက လက်ကလေးနှစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားပြီး
ခုတင်လေးကိုမှီပြီးအိပ်မောကျနေလေရဲ့။
မနက်ခင်းတောင်ရောက်နေပြီ ဒီဝက်ကလေးကအိပ်ကောင်းတုန်း။

Yellowish Love (Complete)Where stories live. Discover now