အပိုင်း ( ၄၈ )

5.6K 511 402
                                    

စာအတော်ရှည်ပါတယ်၊ Unicode သမားများ အောက်ဆုံးထိ မောနေအောင် ဆွဲရမှာပါ🤣 ခွဲတင်ပေးချင်ပေမဲ့ Error တက်နေလို့ပါ ၊ မီယားးနဲ

________________________________________

အပိုင်းခွဲ - ၁

ချိုမြိန်နွေးထွေးခြင်း

" အားလုံး!!! သတိ !! "

စစ်လေ့ကျင့်ရေးကွင်းထဲမှာ ဗိုလ်ကြီးကျန်းရီရှင်းရဲ့ အသံက ဟိန်းထွက်လာတာကြောင့် အစီအရီနေရာယူနေကြတဲ့ စစ်သားတွေအားလုံး သတိစွဲရပ်လိုက်ကြတယ်၊ တင်းမာခက်ထန်နေတဲ့ ဗိုလ်ကြီးရဲ့ မျက်နှာအနေအထားက မိုးကြိုးတွေတဂျိမ်းဂျိမ်းပစ်ချနေသယောင် တည်တင်းပြီး ကြောက်မက်ဖွယ်ကောင်းနေတာကြောင့် စစ်သားငယ်လေးတွေခမျာ အသက်တောင်ရဲရဲမရှူနိုင်ပဲ အမှားမလုပ်မိဖို့ ဂရုစိုက်နေရတယ် ၊ ဘာလို့လဲဆိုတော့ ဗိုလ်ကြီးကျန်းရဲ့ စည်းကမ်းကြီးပြီး အပြစ်ပေးကြမ်းတဲ့ဦးဆောင်မှုကို သူတို့အားလုံး သိထားတာကြောင့်ဖြစ်တယ်၊

အဲ့ဒါအပြင် ဗိုလ်ကြီးကျန်းရဲ့ နောက်မှာ ရပ်နေတဲ့ ဒုဗိုလ်ဝမ်ရိပေါ်ကလည်း အေးစက်ပြီးခံစားချက်မရှိတဲ့ မျက်နှာနဲ့ သူတို့အားလုံးရဲ့ လုပ်ဆောင်မှုကို မျက်လုံးဒေါက်ထောက်ကြည့်နေတတ်တာမို့၊ လေ့ကျင့်ရေးချိန်တွေက စစ်သားတွေအတွက် ခက်ခဲလွန်းတာအမှန်ပဲ၊ အခုလည်း ဗိုလ်ကြီးကျန်းရီရှင်းရဲ့ အမိန့်ကို နာခံပြီး ဆယ်ယောက်တစ်ဖွဲ့ကိုယ်စီခွဲလို့ ဝါးနှစ်ပြန်လောက်ထိ ဝေးလံတဲ့ ပစ်မှတ်ကို စူးစိုက်ကြည့်နေရတယ်၊

"တစ်ယောက်ယောက်က ပစ်မှတ်ကို မထိခဲ့ရင် ကျန်တဲ့အဖွဲ့သားတွေပါ အပြစ်ပေးခံရမယ် "

စောင့်ဆိုင်းနေရတဲ့ စစ်သားတွေက ကွင်းကို စနစ်တကျ ပတ်ပြေးနေရချိန်မှာ အလှည့်ကျတဲ့ စစ်သားအုပ်စုက သေနတ်ကိုယ်စီလွယ်ပြီး ပစ်ဖို့ပြင်ရတယ်၊ သေနတ်ကို ပုခုံးနဲ့ထောက်ကန်တဲ့အချိန်မှာ ဒုဗိုလ်ဝမ်ရယ်၊ တခြားရာထူးမြင့်တဲ့စစ်သားတွေက သေနတ်ကိုင်ပုံ မှန်ကန်အောင် ပြင်ဆင်ပေးတယ်၊ ရိုင်ဖယ်သေနတ်ရဲ့ အလယ်ဗဟိုကို ဘယ်ဘက်လက်နဲ့ ဟန်ချက်ညီအောင်ထိန်းထားစေတယ်၊

" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]Where stories live. Discover now