Final [U+Z]

4.2K 668 85
                                    

[U]

Day 3

ရိပေါ်တို့ သူငယ်ချင်းတွေ စုပြီး Volly Ball ကစားနေကြတယ်။ ကမ်းခြေမှာဆို ဒါမျိုးက a-must-do မလား။ တစ်ဖက်ကငါးယောက် နဲ့ တစ်ဖက်ကခြောက်ယောက်မို့ လူမမျှပေမယ့် လူငယ်လေးတွေက အားကစားလုပ်နေကျသူမို့ ပွဲက တော်တော်လေး ကြည့်ကောင်းတယ်။

"အစ်ကို ရှောင်းကျန့် ဆော့မလား။ ကျွန်တော်တို့နဲ့။"

ထိုအချိန် ဝမ်ဟောက်ရွှမ်းဆိုတဲ့ သွေးသားရင်းချာလေးက ရှောင်းကျန့်ကို ဘယ်ကတည်းက ​ေယာက်ဖတော်ချင်နေတယ်မသိ။ ခပ်လှမ်းလှမ်းက ရှောင်းကျန့်ကို မြင်တာနဲ့ အတူကစားဖို့ အတင်းခေါ်တယ်။ ရှောင်းကျန့်တို့ကလည်း ဒါမျိုးဆို ငြင်းမလား။ "ဘယ်အသင်းက ပါရမလဲ" ဆိုပြီး တန်းကို လာတော့တာပဲ။ အလုပ်မရှိဘူးလား မသိဘူး။ အော်...ဆောရီး။ သူ့အလုပ်က ဒါပဲဆိုတော့လည်း....ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ငါမှားတာပါ။ ဟော့ဒီက ဝမ်ရိပေါ်လေးပဲ မှားတာပါ။

ရိပေါ်တို့အသင်းက လူခြောက်ယောက်ပြည့်နေပြီမို့ ရှောင်းကျန့်က တစ်ဖက်အသင်းမှာ ဝင်ကစားတယ်။ ရိပေါ်ကို မဲ့ပြုံးပြုံးပြဖို့လည်း မမေ့။

"ဟင်းဟင်း...ရှောင်းကျန့်တဲ့ တစ်ကျန့်ပဲရှိတယ်။ နှစ်ကျန့်ရှိလည်း.... လာပါ...သူငယ်ချင်း လုပ်ရအောင်။ ဟီးဟီး"

ရှောင်းကျန့်ပါလာတာနဲ့ လူမျှသွားမို့ ပွဲက ပိုအရှိန်တက်သွားတယ်။ ရိပေါ်ကလည်း ရှောင်းကျန့်ကိုမေ့သွားပြီး ကစားပွဲမှာသာ အာရုံစိုက်နေတယ်။
တစ်ဖက်ကို ၁၉/၁၉ နဲ့ အမှတ်ရထားတာမလို့ ဒီတစ်ချီနိုင်ရင် နိုင်ပြီဖြစ်တယ်။

ရှောင်းကျန့် အားနဲ့ ပုတ်ထုတ်လိုက်တဲ့ ဘောလုံးက ရိပေါ်ဆီ တန်းတန်းမတ်မတ်ရောက်လာတယ်။ ရိပေါ်လည်း အားနဲ့ခုန်လိုက်ပြီး ဘောလုံးကို ရိုက်မည်အပြုမှာ...

"အ့"

ရိပေါ်ဘေးကနေ လန်ကျင်းရီကပါ အားနဲ့ ခုန်လာပြီး ရိပေါ်ကို လာတိုက်တာမို့ ဟန်ချက်မထိန်းနိုင်တဲ့ ရိပေါ်က ပစ်လဲသွားတယ်။ ရိပေါ်ဒူးထောက်ချလိုက်တဲ့ သဲပြင်ရဲ့ အောက်မှာ ကျောက်ခဲရှိနေတာမို့ ရိပေါ်က ဒူးပြဲသွားတယ်။

Once in a Beach 🏄🏻‍♂️ [Completed]Where stories live. Discover now