EP 18 (Final)

19.8K 1.1K 54
                                    

Unicode

Just Love (18) Final

ကန့်သတ်ထားတဲ့နယ်မြေအတွင်းမှာ ကျင့်သားမရစွာနေထိုင်းလာရင်းမှ စာတွေတတ်ခဲ့ရတယ် ဘဝတွေသိခဲ့ရတယ် ဆိုးသွမ်းပါတယ်ဆိုတဲ့လူတွေစုထားတဲ့နေရာလို့ထင်ရပေမယ့် အားလုံးဟာသူ့အကြောင်းနဲ့သူ့ဘဝ နာကျင်ခံစားချက်များနဲ့သာ....

တံခါးမကြီးနှစ်ချက်ဟာ ဖြေးဖြေးချင်းပွင့်လာတာနဲ့အမျှ လန်းဆန်းတဲ့လေထုကလဲ တိုးတင်လာခဲ့သည်။ တစ်လှမ်းချင်းလျှောက်လှမ်းရင်း နယ်မြေစည်းကိုနောက်ဆုံးတစ်လှမ်းအနေနဲ့လှမ်းပြီးတဲ့အချိန်မှာ ကောင်းကင်ပေါ်ကနေမင်းကြီးရဲ့အလင်းရောင်ကို ကျေနပ်စွာခံယူရင်း

" Jeon "

"ဒုသမ္မတ"

" မင်းကိုလာကြိုတာ ကားပေါ်တက်လေ "

နက်မှောင်တဲ့ကားအကောင်းစားကြီးပေါ်သို့တက်သွားကာ အနောက်ခန်းမှ အတူထိုင်လိုက်တယ်။ ဘယ်လိုခံစားချက်မျိုးလဲ အဖေနဲ့အတူတူထိုင်နေရတာမျိုးက အနေရခက်မိတာတော့အမှန် အဖေလဲအဲ့လိုခံစားနေရမယ်ထင်သည်။

ကော်ဖီဆိုင်ကောင်းကောင်းလေးမျက်နှာချင်းဆိုင်ထိုင်နေပေမယ့် ဘာစကားမှမပြောမိ

" ငါတို့ဒီလိုထိုင်ရတာအနေခက်တယ်မလား "

" ဟုတ် ...နဲနဲ "

အပြုံးနဲ့စပြောလာသူမို့ ရင်ထဲမှာနွေးထွေးမှုကိုခံစားလိုက်ရပြီး ဂုတ်သားကိုသာ ပွတ်နေမိသည်။

" ဘာလုပ်ဖို့စဉ်းစားထားလဲ "

" အမှန်တိုင်းပြောရရင်တော့ သေချာမသိဘူး "

" ငါကူညီပေးမှာမို့ လုပ်ချင်တာတစ်ခုခုများမရှိဘူးလား Jeon "

" ကျတော့်ကို ............. အဖေတစ်ယောက်အနေနဲ့အကြံ.....ပေးပါလားဟင် "

ခက်ခက်ခဲခဲနဲ့နောက်ဆုံးတော့ပြောထွက်ခဲ့ပါပြီ။ တစ်မျိုးများထင်သွားမလားလို့စိုးရိမ်ပြီး မျက်နှာကိုမသိမသာကြည့်လိုက်တော့ ... မျက်ရည်တွေဝဲနေတာများလား

" Jeon "

" ဟုတ်ကဲ့ "

" မင်းငယ်ငယ်ကလေ ကြမ်းပြင်တွေပေါ်မှာအရုပ်တွေလျှောက်ဆွဲတာသိလား ငါအမြဲဆူပြီး မလုပ်ရဘူးလို့ပြောရင် ငိုမဲ့မဲ့လေးဖြစ်သွားပြီးတော့ နောက်တစ်ခါလဲထပ်ဆွဲနေတုန်းပဲ မင်းက စကားမပြောတတ်ခင်ထဲက တကယ်ခေါင်းမာတဲ့ကလေး"

Just Love (မင်းနဲ့အတူ )Donde viven las historias. Descúbrelo ahora