2.8K 377 12
                                    

Unicode >>>>>

ရှေ့ဆက်လျှောက်မဲ့ ငါတို့ ရဲ့ ဘဝ အတွက်
ဘာကိုမှ မကြောက်မရွံ့ မတုန်လှုပ်ဘဲ တစ်ယောက် ရဲ့ လက်ကို တစ်ယောက် စွဲစွဲမြဲမြဲ
ကိုင်ထားရင်း ယုံကြည်ချက်ရှိရှိနဲ့ ဆက်လျှောက်ချင်တယ်.......

" ထယ်ယောင်း... အင့်ဟယ် "

ထိပ်ဝကနေ ထွက်ကြိုနေတဲ့ အမေဖြစ်သူ
ဟာ အိမ်ခြံဝန်း သို့ ဝင်ဝင်ခြင်းဘဲ လက်မောင်းကို ဖတ်ခနဲ မြည်အောင် ရိုက်လျှက်

"အာရီဂူး ဘယ်တွေများ တစ်ညလုံး လျှောက်သွားနေတာလဲ... "

အမေဖြစ်သူက ရိုက်လိုက်တာမို့ အောင့်တက် သွားတဲ့ လက်မောင်းကို ပွတ်လိုက်ရင်း

" အမေတို့ကို စာကြုံပေးလိုက်တယ် မရဘူးလား.. "

"ရတယ် တွေ့တယ် ငါ့နှယ် စိတ်တွေ ပူလိုက်တာ တော်သေးတာပေါ့ ဂျောင်ကု တစ်ယောက် လုံးရှိနေတာမို့ "

ထယ်ယောင်း ရဲ့ လုံခြုံရေးအတွက် အားကိုးရာ ဖြစ်တဲ့ ဂျောင်ကု ကို ကြည့်ရင်းစကားဆိုလိုက်သည်

"မင်း အဖေမသိသေးလို့ပေါ့ သူသာ သိရင်
မင်း လွယ်မှာမဟုတ်ဘူး အာရီဂူး... အာရီဂူး... "

သားဖြစ်သူက အငယ်ဆုံးဖြစ်သည်မို့ တစ်အိမ်သားလုံးက ဖိတ်ဖိတ် တုန်အောင် ချစ်ကြသည့် ထယ်ယောင်း ရဲ့ ဖင်လုံးလုံး
လေးကို ရိုက်ထည့်လိုက်သည်

" နာတယ် အမေရဲ့.. "

ထယ်ယောင်း ရဲ့ နားရွက်ကို ဆွဲကာ အိမ်ထဲသို့ ခေါ်သွားတဲ့ အမေဖြစ်သူ

"အထဲရောက်မှ ကောင်းကောင်းလေး သမ
ပစ်မယ် လာခဲ့ "

"အားး နာတယ် အမေ "

"လာခဲ့ လာခဲ့ "

"အမေ ဖြည်းဖြည်း ဆွဲပါ "

အိမ်ထဲသို့ ယပ်ကပ် ယပ်ကပ် နှင့်ပါသွား
သည့် ထယ်ယောင်း ကို ကြည့်လိုက်ရင်း
ဂျောင်ကု ပြုံးမိသည်

The Words In My Heart __________

" မင်း မျက်နှာက ဘယ်လို ဖြစ်တာလဲ "

ဖူးယောင်နေတဲ့ သူငယ်ချင်း ရဲ့ မျက်နှာကို
ကြည့်ရင်း ဗြောင်ဆွန်း မေးလိုက်ခြင်း

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Where stories live. Discover now