Ep-1(Myself)

489 22 12
                                    

ဒီနေ့ ကျောင်းတက်ရမယ့်နေ့ first dayပေါ့ အော်မေ့လို့ ကျွန်တော့်နာမည် Min Yoongi တစ်နည်းအားဖြင့်တော့ sugaလို့ခေါ်လို့ရတယ် ငယ်ငယ်ကပေါင်းခဲ့တဲ့ friတွေကခေါ်တဲ့နာမည်ပေါ့ အသားအရမ်းဖြူလို့ဆိုပြီး အဲနာမည်ပေးတာပဲ ထားလိုက်ပါ ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ် ကျွန်တော်မှာ ပါးနဲ့မားရှိတယ် ချမ်းသာတဲ့မိသားစုပင်မဲ့ သားဖြစ်တဲ့ကျွန်တော်ကိုတော့ ဂရုစိုက်တယ် လိုတာထက်တော့မပိုဘူးပေါ့
ပြောစရာကျန်သေးတယ် ကျွန်တော်ကိုအချေလို့ခေါ်ကြတယ် ကျွန်တော်ကိုစကားနည်းတယ် အနေအေးတဲ့အတွက်အဲနာမည်ကိုရခဲ့တယ် အမှန်တကယ်ကမချေပါဘူး ကိုယ့်ဘာကိုနေတတ်တယ်လို့ ပြောရမှာပေါ့ ကယ် ကျွန်တော့်အကြောင်း authorပေါက်စကမိတ်ဆက်ပေးပြီးပြီဆိုတော့ ကျောင်းသွားဖို့အောက်ဆင်းတော့မယ် ကျွန်တော်တို့အိမ်လေးကနှစ်ထပ်အိမ်လေး ခြံကနည်းနည်းတော့ ကျယ်သလောက်ရှိပါတယ် ကားတစ်စီးထားလို့ရတယ် မားကြိုက်နှစ်သက်တဲ့ ကျူးလစ်ပန်းတွေလဲ စိုက်ထားတယ် ခြံထားမှာစကားပြောလိို့ရအောင် ခုံလေးလုပ်ပေးထားတယ် ပါးက မားနဲ့ကျွန်တော်ကို လိိုလေးသေးမရှိအောင်ထားပါတယ် ပါးကမားနဲ့ကျွန်တော်အတွက် အားထားရတဲ့ ခင်ပွန်းကောင်းနဲ့အဖေကောင်းပေါ့

Mrs. min-သားရေ ဒီနေ့ကျောင်းတက်ရမှာနော် first dayမှာနောက်ကျနေလို့မဖြစ်ဘူး သားစားဖို့ မားပြင်ပြီးပြီ အောက်ဆင်းခဲ့တော့ သားရဲ့ပါးပါးက သားကိုကျောင်းပို့ဖို့စောင့်နေတယ် မြန်မြန်ဆင်းခဲ့

Yg-ဟုတ် မား သားလာပြီ

အောက်ရောက်တော့ပါးနဲ့မားက မနက်စာစားနေပြီ မားကကျွန်တော့်အကြိုက် black coffeeနဲ့ cakeကိုပြင်ပေးထားတယ် ပါးကတော့ ကျွန်တော့်ကိုသတင်းစာဖတ်ရင်းစောင့်နေတယ် ပါးက Min Groupရဲ့ CEOတစ်ယောက်လေ အရာရာကိုစဥ်းစာဆင်ခြင်ပြီးမှလုပ်တတ်လေ့ရှိတယ် သူ့လက်အောက်ကဝန်ထမ်းတေွရဲ့ လေးစားမှုကိုလဲအမြဲခံရတယ် တရားမျှတမှုလဲရှိတယ်

Mr.min-စားပြီးသွားမယ် Yoongi ပါးဒီနေ့ အရေးကြီး meetingရှိတယ် သားကိုပို့ပြီးသွားရမှာ အဲတာကြောင့် မြန်မြန်လုပ်

Yg-ဟုတ် ပါး

သားအဖနှစ်ယောက် ကားလေးနဲ့ကျောင်းကိုထွက်လာခဲ့တယ် ကျောင်းရှေ့ရောက်တော့ ကားရပ်လိုက်ပြီး ပါးကကျွန်တော့်ကိုပြောတယ်

Love U ForeverWhere stories live. Discover now