zawgyi
ယွန်းဂီ အလုပ်ထုတ်လိုက်လို့ နစ်နာကြေးရလိုက်တဲ့ ပိုက်ဆံလေးကို ဆုပ်ကိုင်ကာ အေးခဲနေတဲ့ လမ်းဘေးတစ်လျှောက် အနွေးထည်ပါးပါးလေးနဲ့ တုန်ယင်စွာ လျှောက်လှမ်းနေရသည်။
တကယ်တမ်း အိုးတိုက် ပန်းကန်ဆေး နေ့စားခ တစ်ယောက်ကို ပေးတဲ့နစ်နာကြေးဟာ ဘက်စ်ကားခပဲ ရှိသည်။
မှောင်ရီပျိုးနေတဲ့အချိန်မှာ မနက်ခင်းတည်းက ဘာမှမစားရသေးတဲ့ ယွန်းဂီရဲ့ ဗိုက်ဟာ အချက်ပေးသံစုံ မြည်နေခဲ့သည်။
ယခုနေ တစ်ခုခုစားလိုက်ရင် အပြန်တွက် ဘက်စ်ကားခ မလောက်တော့မှာကိုလည်း ယွန်းဂီ စိတ်ပူရသေးသည်။ မုန့်တန်းတွေဘက်က ဖြတ်တော့ ပိုလို့တောင် ဗိုက်ဆာနေပေမဲ့ ယွန်းဂီ ဘက်စ်ကားဂိတ်ကိုသာ ဦးတည်ပြီး လျှောက်လာလိုက်သည်။
ဘုတ်
" အ့! "
ယွန်းဂီဘက်က အေးအေးဆေးဆေး လမ်းလျှောက်နေပေမဲ့ အုပ်စုလိုက် ပြေးလာတဲ့ ကောင်လေး၃ယောက်ကြောင့် ယိုင်တိယိုင်တိုင် ဖြစ်နေတဲ့ ယွန်းဂီကို နောက်ထပ်ကောင်လေးတစ်ယောက်က ထပ်တိုက်သည်။
၂ယောက်လုံး ခြေချင်းလိမ်မိကာ အရှိန်မထိန်းနိုင်တော့သည်မို့ အောက်သို့ ဘုတ်ခနဲ ပြုတ်ကျသည်။
" အာ.. နာ.. နာသွားလားဟင်.. "
သူ့ရင်ဘတ်ပေါ်မှာ ပုံ့ပုံ့ကြီး တင်နေတဲ့ ခန္ဓကိုယ်ကို အရင်မဖယ်ဘဲ နာသွားလား မေးနေတဲ့ လူသားက ဖြတ်ရိုက်ချင်စရာကောင်းသည်။
" မင်းဖယ်ပေးလေ! မနာဘူး အပိုလုပ်ပြီး မေးမနေနဲ့ "
ဘုဆတ်ဆတ်နဲ့ ယွန်းဂီဟာ နဂိုအကျင့်တိုင်း သူ့ပေါ်က ချစ်စရာကောင်လေးကို အော်ဟောက်လိုက်သည်။ ဟုတ်ပါရဲ့ အထက်တန်းတုန်းကဆို မိန်းကလေးတွေကိုတောင် ပြန်အော်တဲ့ ယွန်းဂီပဲလေ။
" ဟွန်း ခင်ဗျားကလည်း စိတ်ကြီးဘဲ အဆင်မပြေမှာစိုးလို့ မေးတာကို.. "
သူ့ပေါ်က အကုန်းရုန်း ကောက်ထပြီး လက်လှမ်းပေးလာတဲ့ ကောင်လေးရဲ့ လက်ကို မဆွဲပါဘဲ ကိုယ့်ဟာကိုယ် ထ,လိုက်သည်။