နေ့ရက်ညတွေပြောင်းလဲသလို အချစ်တွေသံယောစဉ်တွေရောပြောင်းလဲလာတတ်တာလား????????????????
☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️
မနက်ခင်းရဲ့ရောက်ခြည်သည် တိုင်းပြည်ကိုအုပ်ချုပ်နေသော အရှင်ဘုရင်ရဲ့ မျက်နှာပေါ်ကိုဖျာကျလာသည်ကြောင့် Chanyeol အိပ်စက်နေသည်မှနှိုးထလာခဲ့သည်
"အထိန်းတော်ကြီး"
"အမိန့်ရှိပါမင်းကြီး"
"မိဖုရား JiEunအဆင်သင့်ဖြစ်နေပြီလား အဆင်သင့်ဖြစ်နေရင်လာလျှောက်တင်ပါ"
"အမိန့်တိုင်းပါမင်းကြီး"
မနေ့ညကအတွေးလွန်သွားသည်ကြောင့်တော်တော်နဲ့အိပ်စက်လို့မရခဲ့
'မင်းကအပြင်လောကမှာတင်ရက်စက်တာမဟုတ်ဘူး ငါ့အတွေးတွေထိမင်းရက်စက်စွာစိုးမိုးထားနိုက်တယ် Baekhyun' စိတ်ထဲကနေပြောလိုက်သည်"မင်းကြီး အသင့်ဖြစ်နေပါပြီ အခုသုံးဆောင်ဖို့ယူလာနေပါပြီ"
"မင်းကြီး မိဖုရား JiEun ရောက်လာပါပြီ"
"၀င်လာခိုင်းလိုက်"
JiEun အရိုအသေပေးနေသည်ပြုံးပြီးကြည့်နေလိုက်သည်
"အထိန်းတော်ကြီး"
"ဟုတ်ကဲ့ပါမယ်မယ်"
"ကြင်ယာတော် Byun ကိုသွားခေါ်ခဲ့ပါ မနက်စာအတူတူသုံးဆောင်ရအောင်လို့ပါ"
အထိန်းတော်ကြီးက သူ့မျက်နှာကိုကြည့်လာတာကြောင့် သဘောတူကြောင်းအနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်
"အမိန့်တိုင်းမယ်မယ်"
🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯
"မိဖုရား JiEun က ကြင်ယာတော်လေးကိုမနက်စာသုံးဆောင်ဖို့ လာရောက်ပေးပါရန်အမိန့်တော်ပါးလိုက်တယ်
"ကြင်ယာတော် သုံးဆောင်ပြီးသုံးသွားလို့ မလိုက်နိုင်လောက်တော်ဘူး အထိန်းတော်ကြီး မသုံးဆောင်နိုင်တော့တာကြောင့် မလာတော့ကြောင့် ပြန်ပြီးလျှောက်တင်ပေးပါ အထိန်းတော်ကြီး"
ဘာမှမပြောပဲထွက်သွားသည့်အထိန်းတော်ကြီး
နေမကောင်းဖြစ်နေတာကို မင်းကြီးအားမသိစေလိုသော ကြင်ယာတော်ရဲ့စိတ်ကြောင့် မတိုင်ပင်ပဲ ပြောလိုက်သည် ထိုစကားတစ်ခွန်းကြောင့်မင်းကြီးစိတ်မဆိုးလောက်ပါဘူး ဘာအဲဖြစ်ဖြစ်ကောင်းဖို့အတွက်ပဲ ပြဿနာဖြစ်လာရင်လည်း ရှေ့ထွက်ပြ်ီးဖြေရှင်းနိုင်သည့်စိတ်ကြောင့် ဂျီဟိုနန်းဆောင်ထဲသာပြန်ဝင်လာခဲ့သည်
![](https://img.wattpad.com/cover/225536277-288-k705710.jpg)
YOU ARE READING
Fanfictionမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...