Zawgyi
ဦးရီးတော်က တစ်ခြားတိုင်းပြည်သို့ ငြိမ်းချမ်းရေး သံတမာန်အဖြစ် ခန့်အပ်ခံရလေသည်
'အဖေ ခုဘာဆက်လုပ်မှာလဲ'
'ဦးရီးတော်က သံတမာန်အဖြစ် တစ်ခြားတိုင်းပြည်ကို သွားလိမ့်မယ်'
ဒုတိယမိဖုရားကြီးနှင့် သူမအဖေ ဖန်အမတ်ကြီးတို့ နန်းဆောင်ထဲတွင် တွေ့ဆုံနေကြခြင်းဖြစ်သည်
'သူသွားနေတဲ့အတောအတွင်း ငါတို့ ကြင်ယာတော်ကို ရှင်းပစ်မှ ရမယ်'
'အဲ့ဒါက လွယ်မယ် ထင်လို့လား'
'လွယ်လွယ် မလွယ်လွယ် ဒီကိစ္စက ဦးရီးတော်နဲ့ မဆိုင်သလို သူသိလို့လဲ မရဘူး'
ရှောင်ဖန်ကို မိဖုရားခေါင် ဖြစ်စေချင်တာက သူတို့ရဲ့ အကျိုးအမြတ် အတွက်ပဲ ဖြစ်သည်
'ကောင်းပြီလေ အဖေ့သဘောပဲ'
ထို့နောက် အမတ်ကြီးက သူလုပ်မည့်အရာများကို ဒုတိယမိဖုရားကြီးအား ပြောပြလိုက်လေသည်
'ရှန့်ရင် အိမ်ရှေ့စံ အခြေအနေ ဘယ်လိုရှိလဲ'
'သိုင်းပညာရပ်တွေကတော့ အကုန်သင်ယူပြီးသွားပါပြီ မိဖုရားကြီး'
မိဖုရားခေါင်ကြီးက စစ်သူကြီး ရှန့်ရင်ကိုခေါ်ကာ အိမ်ရှေ့စံအကြောင်းကို မေးမြန်းနေသည်
'ကောင်းတယ် သူ့ကို မြန်မြန် အဆင်သင့်ဖြစ်အောင် လုပ်ပေးပါ'
'ကျွန်တော်မျိုး နားလည်ပါပြီ'
ဦးရီးတော်က သံတမာန် ဖြစ်သွားခြင်းကို မနှစ်သက်သော်လဲ သူမတက်နိုင်တာ ဘာမှမရှိခဲ့
'ငါ အိမ်ရှေ့စံကို ရှန့်ဟွာနဲ့လဲ မြန်မြန်လက်တွဲစေချင်နေပြီ'
'ကျွန်တော် သိပါပြီ'
အိမ်ရှေ့စံသာ ရှန့်ဟွာနှင့် လက်ဆက်ပြီးလျှင် ရှန့်အိမ်တော်ရဲ့ အာဏာက အိမ်ရှေ့စံလက်ထဲ ရောက်လာမည် ဖြစ်သည်
'ရှန့်ရင် မင်းက ရှောင်မင်အတွက် သူငယ်ချင်းကောင်း ဖြစ်ပေးမယ်ဆိုတာ ငါယုံတယ်'
'ကျွန်တော် အိမ်ရှေ့စံအပေါ်မှာ သစ္စာစောင့်သိပါမယ်'
'မိဖုရားကြီး မကောင်းတော့ဘူး'
YOU ARE READING
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Historical FictionUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်