>179<[Zawgyi & Unicode]

3.1K 289 0
                                    

[Zawgyi]

နင်မကြည့်ဘူးလား?

အဝတ်အစား ပြန်ဝတ်ပြီးနောက် ရန်ရှီယွမ်ပြန် ရှင်းပြချင်ပေမယ့်လည်း နျန်ကျယ်ကျန်း၏ လူသတ်သမားဆန်သော အကြည့်တို့ကြောင့် ပြောပြဖို့ ခက်ခဲလာ၏။

"ဘာကိုစောင့်နေတာလဲ? ထွက်သွား"

ရန်ရှီယွမ် စိတ်ထဲမှပင် သက်ပြင်းချ၏။ သူ့အတွက် ခက်ခဲတာပဲ။ သူ့လက်ကိုင်အိတ်ကို ယူပြီးနောက် တံခါးဆီသို့ လျှောက်သွားကာ "နင်သိတဲ့အခုပုံစံက သတင်းထောက်တွေ မသိအောင် ရုပ်ဖျက်ထားတာ"

"အိုး?" နျန်ကျယ်ကျန်း မည်းမှောင်စွာ သူ့အားကြည့်လာ၏။ "အဲ့တာဆို အမှန်အတိုင်း ဘာလို့မပြောခဲ့ရတာလဲ?"

"ငါ့အစစ်အမှန်ကို ဘယ်သူ့မှမပြောခဲ့ဖူးဘူး။ သူတို့ကိုယ်တိုင် ရှာတွေ့အောင်ပဲ လွှတ်ထားတတ်တာ" ကုတ်အား ယူလိုက်ပြီးနောက် ဝတ်ဆင်လိုက်ပြီး "ငါ နင့်ကို ဘယ်တုန်းကမှ မလိမ်ခဲ့သလို ငါကမိန်းမတစ်ယောက်ပါလို့လည်း နင့်ကိုမပြောခဲ့ဖူးဘူး။ တစ်ခါလေးတောင် ဝန်မခံခဲ့ဖူးဘူးလေ။ ဒါပေမယ့် တကယ့်အစစ်အမှန်က ဘာဆိုတာ မပြောခဲ့တာပဲ ရှိတာ"

နျန်ကျယ်ကျန်း ခေါင်းငုံ့လိုက်ပြီးနောက် သက်ပြင်းချသည်။ သူ ပြောတာမှန်သည်။ သူက မိန်းကလေးဆိုပြီး သူမဘာသာ တွေးခဲ့တာ။ သူမ ရှေ့မှာ အရာအားလုံး အမှန်အတိုင်း ချပြထားတာတောင်မှ သူမဘက်က တခါလေးတောင် သံသယမဝင်ခဲ့မိတာ။

"နျန်ကျယ်ကျန်း နင်နဲ့တွဲချင်တယ်လို့ပြောတာက ငါတကယ်ပြောနေတာ"

သူမ ခေါင်းမော့လာပြီးနောက် မှောင်မိုက်စွာ သူ့အားကြည့်၏။ "ပြီးပြီလား? နင်အခုသွားတော့မှာ မဟုတ်ဘူးလား?"

သူ့အား ကြည့်လာသည့် သူမရဲ့အကြည့်တွေသည် သူ့နှလုံးသားအား နာကျင်စေ၏။ အစောပိုင်းကတင် သူနဲ့ ကလူခဲ့တဲ့ ချစ်ဖို့ကောင်းပြီး ချိုမြိန်တဲ့မိန်းကလေးဆိုတာ မရှိတော့။
------------------------------------------
ရှမေလင်း တရေးတမော အိပ်ရန် ကြံနေစဉ်မှာပဲ နျန်ကျယ်ကျန်းတစ်ယောက် ရုတ်တရက် အခန်းထဲသို့ ဝင်လာကာ "နင်သိပြီးသားလား?"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးTempat cerita menjadi hidup. Temukan sekarang