MSUS [ Zawgyi ]

3K 238 72
                                    

ချူချာလွန်းလို့ပိုးမွေးသလိုမွေးပြီး 18နှစ်ဆိုတဲ့အရွယ်ရောက်လာတဲ့ရှောင်းကျန့်ကို
ပါးနဲ့မား မပါပဲအပြင်သွားခြင်း ခွင့်ပြုမခံခဲ့ရ ။ ကျောင်းနဲ့အိမ် မှလွဲလို့ လျှောက်သွားတာမျိုးလည်း လုပ်ခွင့်မရှိ ။

အခန်းထဲမှာပဲ Tv ကြည့်မယ် ၊ ဝရန်တာကနေအပြင်ကိုငေးမယ် ၊ ခြံထဲမှာအပင်တွေစိုက်မယ် ဒါတွေကသူ့အတွက်အပန်းဖြေစရာတွေပင် ။ မောပန်းစေတဲ့အရာဆိုနည်းနည်းလေးပြေးလွှားတာမျိုးတောင်ခွင့်မပြုတာမို့
လှောင်အိမ်ထဲကငှက်လေးတစ်ကောင်နှင့်
ထူးမခြားနားပင် ။

"ဒေါက်....ဒေါက်..."

" ရှောင်းလေး သခင်မကြီးက အောက်ကိုခနလောက်ဆင်းလာပါတဲ့ "

"အော....လာခဲ့မယ်လို့ "

လှေကားကိုပြေးဆင်းလို့အဆူခံရတဲ့နေ့ရက်တွေက တစ်ပတ်မှာ 5ရက်လောက်ပင် ။
လွတ်လွတ်လပ်လပ်ပြေးလွှားဖူးချင်ခဲ့တာ
ကျွန်​တော့်ရဲ့အိမ်မက်ဆို ရယ်စရာများဖြစ်နေမလား ။

" ရှောင်းလေးလာကြည့် ပါပါးက သားအတွက် 18နှစ်ပြည့်လက်ဆောင်တဲ့ "

သူ့ကိုလွတ်လွတ်လပ်လပ်သာ သူများတွေလိုနေခွင့် တစ်ရက်လောက်ပေးရင်ပိုပျော်မိမှာ
မာမားတို့မသိခဲ့ ။ စားပွဲပေါ်မှာလေယာဉ်လက်မှတ်သုံးစောင် ။ ချုပ်ချယ်မှုတွေပြည့်နေမယ့် ခရီးက သူ့အတွက်အရမ်းကြီးပျော်ရွှင်ရလိမ့်မည်လို့​တော့မမျှော်လင့်ချင်ပါ ။

"မွေးနေ့က ပြီးခဲ့တာကြာပြီကို "

"ပါးကအခုမှအားလို့ပါ ရှောင်းလေးရယ်
ပါးကိုစိတ်မဆိုးနဲ့နော် "

"ဘယ်နေ့သွားမှာလဲ? "

"မနက်ဖြန်ပဲ သားအကျီတွေ မားကိုယ်တိုင်သေချာထည့်ရမယ် ။ သားလေးကအအေးမိလို့မဖြစ်ဘူး ။ ရှင်ကလဲ December လို
အရမ်းအေးတဲ့လမှသွားရတယ်လို့ ဟွန်းးး "

"ဟုတ်ဒါဆို သားအပေါ်ပြန်တတ်ပြီနော်မား "

ပျော်ရွှင်မှု့ကိုရှာဖွေခွင့်မရှိတဲ့သူအတွက် ဘာကိုမှအထွေအထူး မပျော်ရွှင်တတ်တော့တာ သူ့အပြစ်မဟုတ်ဘူးမလား ။

>>>>>

အထပ်ထပ်ထုပ်နှောင်ထားခြင်းခံရတဲ့ အနွေးထည်တွေနဲ့သိုးမွှေးဦးထုတ် ၊ မာဖလာတွေ
ကြားမှ သူ့မျက်နှာသေးသေးသာအသက်ရှူလို့ရရုံဖော်ထားရသည် ။ လေဆိပ်ထဲမှာ Heater လွှတ်ထားလို့နွေးနေတာတောင် လက်အိတ်ချွတ်ခွင့်မရခဲ့ ။ နားကြပ်လေးတပ် သီချင်းနားထောင်နေရုံကလွဲလို့ သူ့အတွက်အထွေအထူးခံစားချက်မရှိတဲ့ ခရီးစဉ်ပင် ။

My Sunshine Under The Snow [One Shot]Where stories live. Discover now