" ကဲ အားလုံး..ဒီနေ့ ရောက်လာတဲ့ ကျောင်းသား
သစ်နဲ့ မိတ်ဆက်ပေးမယ်
ရှောင်းကျန့်တဲ့ မှတ်ထားကြဦး
ရှောင်းကျန့် ဟိုးနောက်မှာ တစ်နေရာ
လွတ်တယ် ဝင်ထိုင်လိုက်"ဝမ်ရိပေါ် ထုံးစံအတိုင်း ဆရာလီ ရဲ့စာသင်ချိန်ဆို
အိပ်နေရာမှ ရေမွှေးနံ့ သင်းသင်းလေးရတာကြောင့် ဘေးနား ဘယ်သူလာထိုင်လဲ ကြည့်လိုက်သည်။"ချောလိုက်တာ ..နတ်သက်ကြွေလာတာလား"
"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ
ကျွန်တော့်နာမည်က ဝမ်ရိပေါ်
ကျွန်တော်တို့ သူငယ်ချင်း လုပ်ကြရအောင်"တစ်ဖက်ကလူက ခုထိ စကားပြန်မပြောသေး။
"ဒီမှာ ကျွန်တော် စကားပြောနေတယ်လေဗျာ"
"ငါ ဘယ်သူနဲ့မှ သူငယ်ချင်းမဖြစ်ချင်ဘူး
ငါ့ကို မနှောင့်ယှက်နဲ့ "ချွန်စင်းနေတဲ့ နှာတံ ၊အေးစက်စက် မျက်ဝန်းညိုတွေ ၊ နီစွေးစွေးနှုတ်ခမ်းပါးလေးရဲ့အောက်က
မှဲ့နက်လေးပိုင်ရှင်ထံမှ ထွက်လာတဲ့ စကားသံက
မာထန်လျက်။"ဒုက္ခပဲ ဘယ်လိုလုပ်မလဲ
ကျွန်တော်ကတော့ ခင်ဗျားကို မြင်မြင်ချင်း
စိတ်ဝင်စားသွားပြီ"ဝမ်ရိပေါ် မေးထောက်ငေးလျက်
ခပ်ဟဟ ရယ်ရင်း ပြောလိုက်တဲ့ စကားသံအဆုံးမှာ တစ်ဖက်က လူက မကြားချင်ယောင်ဆောင်ပြီး ရိပေါ် စကားတွေ ထပ်ပြောနေပေမဲ့လည်း
အရေးမလုပ်တော့။
........................................................................."ရှောင်းကျန့် ခင်ဗျား ဘာအအေးကြိုက်တတ်လဲ
ကျွန်တော်ကတော့ Colaပဲ ကြိုက်တာ
ကျွန်တော့်ကို ခင်ဗျားအကြောင်းလေး ပြောမပြ
ချင်ဘူးလား..""ရှောင်းကျန့် ညက အိပ်ပျော်လား
ကျွန်တော်တော့ ညက သရဲကားကြည့်လိုက်မိတာ
အိပ်လို့တောင်မပျော်ဘူး သိလား""ရှောင်းကျန့် ဒီနေ့ မိုးအေးတယ်နော်...
ခင်ဗျား အနွေးထည်လည်း ဝတ်မလာဘူး"ပြောရင်း ရှောင်းကျန့် ကိုယ်လေးပေါ်
ရိပေါ်ရဲ့ အနွေးထည်ကို လွှမ်းခြုံပေးမိလျက်သား။"ပြန်မပေးနဲ့တော့နော် ကျွန်တော်က အရမ်းကောင်း
တယ်မလား ဟဲဟဲ"
