part(50)

29.5K 3.6K 314
                                    

"မင်းသခင်ကို ဟိုဘက်အခန်း ပြောင်းလာတာက ပိုင်ဇေ ခွင့်ပြုလိုက်တာလား?"

ထမင်းစားနေရင်းထပြောလိုက်တာကြောင့် ပိုင်ဇေနင်သွားသည်။မနေ့က သူတို့ပြောင်းလာမယ်ဆိုတဲ့အျကြာင်းကို ပြောဖို့မေ့သွားခြင်းပင်။

"ဟုတ်တယ်! ကျွန်တော် ပြောဖို့မေ့နေတာ!sorry.."

သြရက မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ
"တောင်းပန်ဖို့မလိုပါဘူး!ဒီတိုင်းလည်း လူမနေတာထက်ဆိုင်ရင်ကောင်းပါတယ်..ကဲ ကိုယ်သွားမယ်..
ညနေ ပြန်လာရင် ကျောင်းတက်ဖို့လွယ်အိတ်တွေ ဘာတွေ လိုက်ဝယ်ပေးမယ်!"

ပိုင်ဇေ့ဆံပင်တွေကို ဆွဲဖွကာ နဖူးအားအနမ်းပေး၍သြရ နေရာကနေ ထလိုက်သည်။

"ကျောင်းမတက်ခင် မုန့်လုပ်စားရအောင်!မိမွန်တို့ကို ညနေမှ market မှာ ချိန်းလိုက်ရမလား!"

"ပိုင့် သဘော.."

"အိုစခီ!"

မျက်လုံးလေး တသ်ဖက်မှိတ်ကာ ok ပုံစံလုပ်ပြနေသော ပိုင်ဇေသည်အသည်းယားချင်စဖွယ်။ပိုင်ဇေ့ရဲ့ အဲ့လို အူယားဖွယ်ရာပုံကိုမြင်ရင် သြရ အလုပ်ပင်ဖြောင့်ဖြောင့်မသွားနိုင်တော့ပြီ။စိတ်ရှိလက်ရှိ တခုခုကို လုပ်ပစ်ချင်လာသည်။
တိုက်ခန်းထဲကနေထွက်လာတော့ မျက်နှာချင်းဆိုင် အခန်းဖြစ်သည့်ပိုင်ဇေ့တိုက်ခန်းကို ကြည့်ကာ သြရမျက်လုံးများက မှိုင်းရိပ်ဆင်သွားသည်။
'ဆက်ဆက်စောင့်နေ..ငါတို့ပြန်တွေ့ကြတာပေါ့!'
မင်းသခင်ပြောခဲ့ဖူးသည့် စကားက သြရနားထဲ တဝဲဝဲ လည်နေသည် အလုပ်ရောက်သည့်အချိန်တွင်လည်း မကြည်မလင်ဖြစ်နေတဲ့မျက်နှာကြောင့် ဦးမြင့်နိုင်က တောင်လှမ်းမေးလေသည်။
"ဟေ့ သြရ.. ရက်အကြာကြီး ပျောက်သွားပြီး ပြန်လာတော့လည်း မှိုင်နေပါရောလား?မိန်းမကိစ္စလားကွ!"

မိန်းမကိစ္စတော့မဟုတ်ပါ။ယောင်္ကျားကိစ္စဆိုရင်ပိုမှန်မလား?
"မိန်းမကိစ္စမဟုတ်ပါဘူး ဦးမြင့်နိုင်ရာ! ကျွန်တော့်ကောင်လေး ကိစ္စပါ!"

"ဟေ!! မင်းနှယ့် စ စရာမရှိ ရှာကြံစမနေနဲ့ကွာ!"

ဦးမြင့်နိုင်က ကွမ်းစားထားသောသွားများဖြင့် ရီမောပြီးပြောလေသည်။

My Boyfriend is a traffic policeWhere stories live. Discover now