2.6K 362 17
                                    


Unicode >>>>>

တစ်သွင်သွင်စီးကျနေတဲ့ ရေတံခွန် နားကို မျက်နှာ ပေးရင်း ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ပြာကြီးစီ ဂျောင်ကု မျက်နှာ မှုလိုက်သည်

" ငါအရမ်းဘဲ လောဘ ကြီးခဲ့ပြီလား "

ညက အကြောင်းမှန်သမျှကို ဂျောင်ကု သိသည် ထယ်ယောင်း လေး ငိုတာစ သူသိသည်။ အမေ ဖြစ်သူကနေ တစ်ဆင့် ထယ်ယောင်း နှင့် ဂွန်းဂျူ တို့ရဲ့ လက်ထပ်ပွဲ အကြောင်းကိုလဲ သိသည်

အရာအားလုံးကို သူ မသိချင်ယောင် အကုန်ဆောင် ခဲ့သည် အချစ်နှင့် ပတ်သတ်လာလျှင် မတရား တာမရှိမှန်း သူသိသည်။ ဒါပေမဲ့ သူ မှန်းခဲ့တာက သူ့အနေနဲ့
အရမ်းကွာခြားပြီး မြင့်လွန်းနေတယ် မလား.....

" နောက်ဆုတ်လိုက်သင့်လား? ဒါမှမဟုတ်
ရှေ့ဆက်ဘဲ ငါတိုးသင့် သလား "

ရွေးချယ်ရ ခက်ခဲတဲ့ ဘဝမျိူးကို ပိုင်ဆိုင်ထားသည်မို့ ဂျောင်ကု ဗျာများရသည်ကအမှန် ပင် ....

The Words In My Heart __________

ဂျောင်ကု အိမ်ဝန်းထဲ ဝင်ဝင်ခြင်း အလုပ်တွေ ကိုယ်စီ ရှုပ်နေကြနေတဲ့ အိမ်ထဲက အလုပ်သမားများ....

သိချင်စိတ်ဖြင့် သူ စူးစမ်းကြည့်တော့
ထယ်ယောင်း နှင့် ဂွန်းဂျူ တို့ မဂ်လာ
ပွဲအတွက်တဲ့ ပြင်ဆင်နေကြခြင်း...

" ဘာလုပ်နေတာလဲ ဂျောင်ကု လာကူအုံး "

အလုပ်သမား တစ်ယောက် ရဲ့ အမိန့်ပေးသံကြောင့် တွေဝေနေတာကို ချက်ချင်း ရပ်တန့် လိုက်တဲ့ ဂျောင်ကု ဟာ အလုပ်လုပ်နေသူ အချို့ကို သွားကူညီပေးလိုက်သည်

" သခင်လေး ထယ်ယောင်း ကတော့ ပျော်နေတော့မှာ သိပ်ကျိန်းသေတယ် နောက်နှစ်ရက်လောက်ဆို မဂ်လာပွဲ စတော့မှာမလား "

အလုပ်သမား မိန်းကလေး တချိူ့ရဲ့ တီးတိုးပြောဆိုသံတွေ

" ဟုတ်တယ်နော် သခင်လေး က သခင်မလေး ဂွန်းဂျူနဲ့ ဘဲ လိုက်ဖက်တာ မလား"

" ပညာအရည်အချင်းရော အဆင့်တန်းကပါ အကုန် လိုက်ဖတ်တာပေါ့ "

ထိုစကားတွေဟာ ဂျောင်ကု ရင်ထဲကို မီးစတွေဖြင့် ထိုးနေသလိုမျိူး နောက်ပြီး  ဒါတွေဟာ ကိုယ့်ဟာကိုယ် ပြန်ပြီး အရှက်ရစေသည်

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Место, где живут истории. Откройте их для себя