အချိန်ကား ၁၉၉၄ ခုနှစ်၏ အစောပိုင်းကာလ ။ တည်နေရာကား ရန်ကုန်တိုင်းရှိ လူနေစည်ကား၍ အချက်အချာကျလှသည့် မြို့နယ်တစ်မြို့နယ်၏ လူကုံတံအသိုင်းအဝိုင်းများနေကြသော ရပ်ကွက်တစ်ခု ။
" သားတို့ လိုအပ်တာတွေ အကုန်ပါရဲ့လား... ''
" အကုန်ပါတယ်ဖေဖေ ၊ စောင်တွေလည်းထည့်ပြီးပြီ ''
" အေးကွယ် သေချာစစ်ကြဦးနော် ''
" ဟုတ် ။ ကိုသီဟ လာလေ ၊ ဖေဖေတို့ကို ကန်တော့ရအောင် ''
သီဟနှင့်ဇေယျာလည်း မိဘများအား ကန်တော့လိုက်ကြသည် ။
" ငါ့သားတွေ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေကွယ် ။ အဆင်ပြေပြေနေကြ ရန်မဖြစ်ကြနဲ့နော် ''
ဦးမင်းမြတ်က သားနှစ်ယောက်အား ဘေးအန္တရာယ်ကင်းစေရန် တောင်းဆုခြွေပေးလေသည် ။
" ဟုတ်ကဲ့ ဖေဖေနဲ့မေမေ ၊ ဒါဆို သားတို့ သွားတော့မယ်နော် ''
" အေးအေး ဂရုစိုက်မောင်းကြနော် ''
" ဟုတ်ကဲ့ ဖေဖေ ''
သီဟတို့လည်း မိဘများအားနှုတ်ဆက်ကာ ထွက်လာလိုက်ကြသည် ။ အိမ်မှထွက်လာပြီးသိပ်မကြာ သီဟက ကားမောင်းနေရင်းမှ ဇေယျာ့လက်ဖမိုးတစ်ဖက်အား အုပ်မိုးကိုင်၍ ဆိုလာ၏ ။
" ဇေယျာ ''
" ဗျာ... ''
" ကိုယ်နဲ့ လက်ထပ်ရတာ ပျော်ရဲ့လား... ''
" ပျော်တာပေါ့ ကိုသီဟရဲ့ ။ မိဘတွေလည်းမရှိတော့ အဖက်ဖက်ကလည်းမပြည့်စုံတဲ့ ကျွန်တော့်ကို ကိုသီဟရဲ့ဖေဖေနဲ့မေမေက လက်ခံပေးတာနဲ့တင် ပျော်ရပါတယ် ''
" ကျေးဇူးတင်ပါတယ်ကွာ ။ ကိုယ့်မှာ မင်းကို တခမ်းတနားနဲ့ ကြီးကြီးကျယ်ကျယ်လက်ထပ်ပွဲမလုပ်ပေးနိုင်ခဲ့တာ တကယ်စိတ်မကောင်းဘူး ''
ဇေယျာက သီဟဘက်အား မျက်နှာမူလိုက်ပြီး ပြုံးပြရင်းပြောလာသည် ။
YOU ARE READING
အမွေဆိုင် / အေမြဆိုင္ [Completed]