Feb 29 (Unicode)

3.7K 502 44
                                    

"သတင်းစာတွေရမယ် သတင်းစာတွေရမယ်"

ဘေးကဖြတ်သွားတဲ့သတင်းစာရောင်းတဲ့တရုတ်လေးရဲ့လက်ထဲကသတင်းစာကိုရှောင်းကျန့်လှမ်းကြည့်လိုက်မိတယ်။ ဒါတွေပါပဲ။ တစ်နေ့တစ်နေ့ ကွန်မြူနစ်ပါတီတွေနဲ့တရုတ်ပြည်ကိုကျူးကျော်နေထိုင်နေကြတဲ့ဗြိတိသျှလူမျိုးအကြောင်းတွေသာပါတဲ့ တရုတ်သတင်းစာတွေ။

အင်းပေါ့ ၊ သူတို့ခံပြင်းရင်လည်းခံပြင်းချင်စရာပဲ။ အခုဆိုဗြိတိသျှအင်ပါယာဆိုတာက တစ်ကမာ္ဘလုံးနီးနီးဖြန့်ကျက်ထားတဲ့သခင်မျိုးရိုးအစုအဖွဲ့ကြီးကိုး။ သခင်မျိုးရိုးဆိုတာကလည်း လက်​အောက်ခံဖြစ်တဲ့ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲ့ဒီနာမကိုမခေါ်ဝေါ်ချင်ဘူးဆိုသော်ငြား ဗြိတိသျှတွေကတော့ သူတို့ကိုယ်သူတို့သခင်မျိုးပဲ။ တစ်ပြားမှမလျှော့ဘူး။ သူတို့အနေနဲ့ကတော့ တစ်နေ့မှာကမာ္ဘကြီးတစ်ခုလုံးကို သူတို့ရဲ့အာဏာလွှမ်းမိုးနိုင်မယ်ဆိုပြီးအထင်မှားနေကြပုံပဲ။ ရှောင်းကျန့်အတွက်ကတော့ရှင်းပါတယ်။ သူဟာတရုတ်ပြည်အတွက်ခဏတာဧည့်သည်ပဲ။ အချိန်တန်လို့ကိုယ်ပိုင်အုပ်ချုပ်ရေးကိုအရယူနိုင်သွားကြရင် ဗြိတိသျှတွေနဲ့အတူ သူကလည်းကိုယ့်နေရပ်အစစ်အမှန်ကိုပြန်သွားရမှာပဲ။

ဗိုင်း…!

"အားယား"

ခပ်စူးစူးထွက်လာတဲ့အသံလေးကြောင့် ရှောင်းကျန့် ​ဘေးဘီကိုဝေ့ဝဲကြည့်မိတော့ ကလေးငယ်ငယ်​လေးတစ်ယောက်မှောက်လျက်လဲသွားခြင်း။
စက်ဘီးကိုဒေါက်ထောက်ခဲ့ကာ ရှောင်းကျန့်ကအဲ့ဒီနေရာကိုချက်ချင်းပြေးသွားပြီး ကလေးကိုလက်မောင်းကနေပွေ့ထူပေးလိုက်တယ်။

"အဟင့် ၊ဘောလုံး ဘောလုံးလိမ့်သွားတယ်"

ရှောင်းကျန့်ရှေ့မှာတအိအိငိုချလာတဲ့ကလေးကိုကြည့်ပြီး ရှောင်းကျန့်ကဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ ပတ်ဝန်းကျင်ကလူတစ်ချို့ရဲ့အကြည့်တွေကလည်းသူ့ဆီရောက်လာပြီ။ ဒုက္ခပဲ။ဗြိတိသျှအနွယ်ဝင်တစ်ယောက်ကတရုတ်လူမျိုးကလေးလေးကိုအနိုင်ကျင့်ပါတယ်ဆိုပြီးအထင်တွေလွဲကြတော့မယ်။

FEBRUARY 29Where stories live. Discover now