ဂျိန်းးး!!....ဂျိန်းးးး!!...
ဇွန်လရဲ့ အစိုးမရတဲ့မိုးက အချိန်အခါမဟုတ်ပေမဲ့လည်း တစ်ခါတစ်လေ အရိပ်မပြပဲ ရွာချတတ်တယ်။
မိုးဦးကအရှိန်နဲ့လာပြီဆိုတော့ ဒီနှစ်မိုးကောင်းမဲ့ပုံပဲ။
ရှောင်ကျန့်တစ်ယောက် စိုက်ခင်းတွေဘက်ကနေ ထီးတစ်ချောင်းနဲ့ တောင်ပေါ်ကအိမ်လေးဆီပြန်ရင်း
မနက်ဖြန် မိုးလင်းရင်တော့ စိမ်းစိုနေမဲ့ သူ့စိုက်ခင်းလေးအကြောင်းတွေးရင်းပြုံးမိပြန်သည်။
အော်....သူ့မြတ်နိုးရာလေးတွေ!တောင်ပေါ်ရောက်ခါနီး တောင်ခြေကအပင်လေးအောက်မှာ ကောင်လေးတစ်ယောက်မိုးခိုနေသည်ကိုမြင်တော့ မနေနိုင်စွာ အနားသွားရင်း
"ဒီကညီလေး မိုးကသည်းအုံးမဲ့ပုံပဲ မင်းဒီမှာဆက်နေရင်အအေးမိပီးဖျားလိမ့်မယ်။
အစ်ကို့အိမ်ကိုလိုက်တည်းလို့ရပါတယ်။ အကိုကဒီအပေါ်မှာနေတာ"မိုးကြောင့်လား မသိပေမဲ့ ကောင်လေးရဲ့မျက်လုံးတွေက ရဲရဲနီနေသည်။ကျောပိုးအိတ်ကိုခပ်လျော့လျော့လွယ်ပီး ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားပေမဲ့ လူဆိုးလေးတော့ဟုတ်ဟန်မတူ။
အိမ်ပြေးလေးထင်ပါရဲ့... ။"ရပါတယ် ကျွန်တော်ဒီနားမှာပဲ မိုးခိုလိုက်မယ်"
"အာ ညီလေးသဘောပါ ချမ်းလာရင်တက်ခဲ့နော် အစ်ကို့အိမ်က ဟိုးမှာ"
ခပ်မှိန်မှိန်မီးရောင်လေးလှမ်းမြင်နေရသည့် မနိမ့်မမြင့်တောင်ကုန်းလေးပေါ်ကအိမ်လေးကိုလက်ညှိုးထိုးပြရင်းရှောင်ကျန့်ဆိုမိတော့
ဂျစ်ကန်ကန်မျက်နှာပေးနဲ့ကောင်လေးကခေါင်းငြိမ့်ပြပါရဲ့။
ခက်တာပဲ အခုမှတွေ့တဲ့ကောင်လေးအပေါ် ဘာလို့စိုးရိမ်နေမိပါလိမ့်။
ညီငယ်လေးအရွယ်မို့ဖြစ်မှာပါ ညီငယ်လေးအရွယ်။
တစ်ဦးတည်းသောသားသူက ဂျစ်ကန်ကန်ကောင်လေးကိုတော့ဖြင့် ညီလေးတော်ချင်ပါရဲ့.......။မိုးနည်းနည်းစိုသွားတဲ့ အဝတ်တွေကိုလဲပြီး ကော်ဖီတစ်ခွက်ဖျော်ကာ အခန်းထဲဝင်လာခဲ့သည်။
မိုးအေးတဲ့ညတွေကို သူသိပ်သဘောကျသည်လေ။မိုးသည်းညမှာပဲ မထင်မှတ်ပဲသူ့ဘဝထဲကို တံခါးခေါက်သံနဲ့အတူ
"ကျွန်တော့်ကိုခင်ဗျားအိမ်မှာ ခဏတည်းခိုခွင့်ပေးပါ"ဆိုပီး လူငယ်လေးတစ်ယောက်ဝင်ရောက်လာခဲ့တယ်။
ဘာပြောရမလဲ သွေးချင်းမရှိတဲ့ရှောင်ကျန့်က ညီငယ်အရွယ်ကောင်လေးကို ချက်ချင်းလက်ခံပေးခဲ့တယ်။