ချစ်သည်ထက်ပို၍ချစ်သည် 14

536 60 5
                                    

ချစ်ချင်းတရားတွေခိုင်မြဲနေပါစေလို့ပဲ နေ့စဉ်ဆုတောင်းပါရစေ

🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄

နေရောင်ခြည်ရဲ့ အနွေးထက်ကြောင့် အိပ်ယာပေါ်မှာအိပ်စက်နေတဲ့ကောင်လေး မျက်ဝန်းများပွင့်လင်းလာခဲ့သည်

"ကြင်ယာတော်လေး နှိုးလာပြီလား"

"အင်း  ဘာလို့လဲ"

"ညီလာခံတက်ရောက်ဖို့ အမိန့်‌ရထားလို့ပါ"

"ညီလာခံ"

ဖခင်နဲ့တစ်ခါလောက်ပဲတစ်ရောက်ဖူးသည့် ညီလာခံ Yeolကလည်း အမိန့်မပေးခဲ့ အခုမှတက်ရောက်ရမယ်လို့အမိန့်ပေးတာကြောင့် အဆင်မပြေချင်

"ပြင်ဆင်ဖို့အချိန်ရောက်ပါပြီ"

ညီလာခံအစည်းအဝေးးးးးးးးးးးး

နည်းနည်းတော့နေရခတ်သည် တိုင်းပြည်ရေးရာဆွေးနွေးတိုင်ပင်ပြီး လျှောက်တင်ပေမယ့် ထိုအကြာင်းအရာတွေဘာမှသေသေချာချာ မသိတာကြောင့် ထိုနေရာမှအလျှင်အမြန်ထွက်သွားချင်မိသည် မနေ့ညကညဉ့်နက်မှအိပ်ဖြစ်သည်ကြောင့် တစ်ချက်တစ်ချက် အိပ်ငိုက်သွားသည်ကြောင့် အထိန်းတော်ကြီး ဂျီဟိုက လာပြီးသတိပရသည်မှာလည်း အခေါက်ပေါင်းမနည်းတော့

Baekhyun ကိုသာစိုက်ကြည့်နေသည့် Chanyeol ညီလာခံလာပြီး အိပ်ငိုက်ရဲတာသူတစ်‌ယောက်သာရှိမည်ထင်သည် သူ့ကြည့်ပြီးရီချင်စိတ်ကိုမနည်းထိန်းထားရသည် သူ့ကိုပဲအာရုံစိုက်နေသည်ကြောင့် ဒိနေ့ညီလာခံမှာတင်ပြသည့် အကြောင်းအရာတွေဘာတစ်ခုမှမသိခဲ့

ညီလာခံပြီးကတည်းက အပြုံးမပျက်သည့်မင်းကြီး အချိန်တိုက်းမျက်နှာထားတည်တည်တံတံနဲ့တဲ့မင်းကြီးက ယနေ့အပြုံးများချိတ်ဆွဲထားတာကြောင့် နန်းတွင်းထဲရှိလူများအားလုံး အထူးအဆန်းသဖွယ်ကြည့်နေကြသည် သို့သော်ထိုထူးဆန်းနေသည့်လူသားများထဲတွင် ကိုယ်ရံတော် Kimတော့မပါဝင်ခဲ့

🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯

"ပင်ပန်းနေပြီလား ကြင်ယာတော်လေး"

"အပင်ပန်းဆုံးနေ့ပဲ ဘာတွေပြောမှန်းလည်းမသိဘူး "

"နေ့လယ်စာသုံးဆောင်ဖို့အချိန်ရောက်တော့မှာပါနော်"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now