[Zawgyi]
လုရီဖုန်း အိမ်မှာလား?
လုရီဖုန်းနှင့် ခန်လင်းတို့အတူရပ်နေသည်ကို မြင်လိုပ်ရသည့် ပါတီမှလူများသည့် လိုက်ဖက်လွန်းသော သူတို့နှစ်ယောက်၏ ပုံစံကြောင့် မလေးစားပဲမနေနိုင်တော့။
သို့ပေမယ့်လည်း ဧည့်သည်များသည် သူတို့အတွေးကို အပြင်သို့ထုတ်မပြောကြ။ လုရီဖုန်းသည် လက်ထပ်ထားပြီးလူဆိုတာ သူတို့သိပြီးသားဖြစ်သည်မို့ ပါးစပ်မှလဲ ထုတ်မပြောရဲပေ။
"ကျွန်မက ရှင့်ဇနီး ရှမေလင်းရဲ့ ပရိသတ်အကြီးစားပါ။ ထိပ်ဆုံးရောက်နေချိန်မှာ အနားယူလိုက်တာကတော့ နှမျောစရာပဲ" ခန်လင်း သက်ပြင်းချလိုက်သည် "ဒါနဲ့..." သူ့စကားကိုရပ်ပြီး အနားတဝိုက်ကို ကြည့်လိုက်ကာ "မစ္စလုကို ဒီညမတွေ့မိပါလား။ သူမကို မခေါ်ခဲ့တာလား?"
"အလုပ်များနေလို့"
ခန်လင်း မျက်လုံးတွေသည် ဝမ်းသာမှုကြောင့် တောက်ပလာကာ "နောက်ဆုံးalbumကို ပြင်ဆင်နေလို့များလား? နောက်ဆုံးalbumကိုပြင်ဆင်ပြီး နောက်ဆုံး concertတပွဲပါ အငြိမ်းစားမယူခင် ကျင်းပသွားမယ်လို့ ကျွန်မကောလဟာလတွေ ကြားခဲ့ရတယ်"
လုရီဖုန်း ဘာမှမပြောဖြစ်။ လက်ထဲမှ ဝိုင်ခွက်အား လှည့်နေရင်း ခနကြာသည်အထိ စိုက်ကြည့်နေလေသည်။ ထိုပုံစံက အတွေးတစ်ခုခုမှ နစ်မြောနေသည့်အတိုင်း။
"ပြီးတော့ ဒီနေ့ရှင့်ကိုဖိတ်ရင် သူမကိုပါတွေ့ခွင့်ရပြီထင်ခဲ့တာ" နှုတ်ခမ်းတို့စုကျုံ့လိုက်တော့ သူမပုံစံလေးသည် ပို၍ဆွဲဆောင်မှုရှိသည့်နှယ် "မစ္စလုရဲ့လက်မှတ်ရဖို့ ကျွန်မအမြဲတမ်းအိမ်မက် မက်ခဲ့တာ။ သူမလက်မှတ်ကို မွေးနေ့လက်ဆောင်အဖြစ် ရှင် ကျွန်မကိုပေးလာမယ်ဆိုလည်း အရမ်းကောင်းမှာပါ"
လုရီဖုန်း ဖုန်းသည်စတင်မြည်လာသလို ခေါ်ဆိုသူကိုကြည့်လိုက်တော့ မိခင်ဖြစ်သူဆီမှဖြစ်၏။ "ခွင့်ပြုပါဦး" ဖုန်းဖြေရန် တဖက်သို့လှည့်သွားလေတော့သည်။
သူမကိုကျောပေးထားသော လုရီဖုန်းကြောင့် ခန်လင်းမျက်လုံးတွေသည် မဲမှောင်လာ၏။ လုရီဖုန်း၏ အမြင်ကောင်းရဖို့ သူ့ဇနီးကိုအသုံးချပြီး စကားလမ်းကြောင်းလုပ်နေပေမယ့်.....သူကတော့ သူမကို စိတ်ဝင်စားဟန် နည်းနည်းလေးပင်မပြ။
YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...