[Zawgyi]
ဂရုမစိုက်ဘူး
လုံးဝန်းနေသော ဗိုက်အား ဖရဲသီးလေးကြည့်လာ၏။ အရွယ်အစားကြီးနေသည်ကိုမြင်လိုက်ရသည့်အခါ အံ့သြမှုကြောင့် ဖရဲသီးလေး ပင့်သက်ရှိုက်လိုက်သည်။
ဖရဲသီးလေး ဂရုတစိုက်ဖြင့် အနောက်သို့ပြန်ဆုတ်လိုက်လေ၏။ တစ်ခုခုမှားလုပ်မိတာနဲ့ မိခင်ဖြစ်သူ၏ ဗိုက်ပေါက်ကွဲထွက်လာမည်ကို သူကြောက်နေလေသည်။
သားဖြစ်သူ၏ ချစ်ဖို့ကောင်းသော တုံ့ပြန်မှုကိုမြင်လိုက်ရသည့်အခါ ရှမေလင်း ရယ်မိသွားသည်။ ပါးပေါ်တွင် စီးကျပြီးသော မျက်ရည်တို့ကို ခြောက်အောင်သုတ်လိုက်ပြီးနောက် ဖရဲသီးလေးလက်ကိုကိုင်လိုက်ပြီး သူမဗိုက်ပေါ်ညင်သာစွာ ချပေးလိုက်သည်။
အထဲတွင် တစ်ခုခုလှုပ်ရှားနေသည်ကို ခံစားလိုက်ရသည့်အခါ ဖရဲသီးလေး မျက်လုံးသည်အံ့သြမှုကြောင့် ပြူးကျယ်လာ၏။
"ခံစားလို့ရလား?"
ဖရဲသီးလေး အနည်းငယ်ခေါင်းငြိမ့်ပြီးနောက် သူမဗိုက်အား မျက်လုံးအဝိုင်းသားနှင့် ထပ်မံငေးကြည့်နေရင်း "သူတို့မကြာခင် အပြင်ကိုထွက်လာမှာလား?"
"အင်း နှစ်ပတ်ကျော်ကျော်လောက်ဆို သူတို့ကိုမြင်ခွင့်ရပြီ" သူမ နူးညံ့စွာရယ်လိုက်၏။
ဖရဲသီးလေး ယုံရှောင်ယောင်းအား လှည့်ကြည့်ကာ "ရှောင်ယောင်း လာလေ! နင် ငါ့ညီမလေးတွေကို တွေ့သင့်တယ်"
အနည်းငယ်ရှက်သလိုခံစားနေရတာကြောင့် ဖရဲသီးလေးနားသွားဖို့ ယုံရှောင်ယောင်း တုံ့ဆိုင်းနေလေ၏။
ရှမေလင်း ယုံရှောင်အားကြည့်လိုက်သည်။ သူမရဲ့တူမလေးဆိုတာ ပြန်လည်သတိရလာသည့်အခါ ပြုံးပြလိုက်ပြီး "ရပါတယ် လာပါ။ သမီးလည်း သူတို့ကိုခံစားကြည့်လို့ရတယ်"
ခွင့်တောင်းသည့်နှယ် ယုံဝေ့ချင်အား ယုံရှောင်ယောင်းကြည့်၏။ သူခေါင်းငြိမ့်လိုက်သည့်အခါ သူတို့ဆီ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။
သူမလက်အား ဖရဲသီးလေးဆုပ်ကိုင်လိုက်ပြီးနောက် ရှမေလင်းဗိုက်ပေါ်တွင် တင်ပေးလိုက်ကာ "ရှောင်ချွမ်းနဲ့ ရှောင်ရှင်းတို့ ရှောင်ယောင်းကိုတွေ့ပြီ!"
أنت تقرأ
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
عاطفيةသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...