[Zawgyi]
ဘာကလေးမှ မယူတော့ဘူး
လက်ထဲမှ ဖုန်းအား ယုံဝေ့ချင်လုယူပြီးနောက် လွှင့်ပစ်လိုက်ပေမယ့် တချို့သောအကြောင်းအရားများကြောင့် နာကျင်မှုတွေခံစားနေရတာတောင် ရှမေလင်းစိတ်တွေသည် ပျံ့လွှင့်နေဆဲ။
"ရှမေလင်း! မင်းက ကလေးမွေးရမယ့်လူ! ဒါတွေစဉ်းစားတာရပ်လိုက်တော့!" ယုံဝေ့ချင် အော်ပြောလိုက်သည်။
ရှမေလင်း ယုံဝေ့ချင်အားလှည့်ကြည့်လိုက်သလို မျက်ရည်များသည်လည်း ပါးပြင်ပေါ်လှိမ့်ဆင်းလာလေ၏။ နှလုံးသားနှင့်ခန္ဓာကိုယ်နှစ်ခုလုံး နာကျင်နေပေမယ့်လည်း ဓာတ်ပုံထဲကလူက လုရီဖုန်းဆိုတာကို လက်ခံလိုက်ဖို့ရာလည်း ရှမေလင်း စိတ်ရှုပ်ထွေးနေသည်။"သူဘယ်မှာလဲ? ကျွန်မ ယောက်ျား ဘယ်မှာလဲ?"
ထိုအချိန်မှာပင် ရွှေရောင်ဖျော့ဆံပင် အဖြူရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး နားကပ်တစ်ဖက်တပ်ထားသော လူတစ်ယောက် အခန်းထဲဝင်လာလေ၏။ ဘာတွေဖြစ်နေလဲဆိုတာ မြင်လိုက်ရသည့်အခါ သူ့မျက်လုံးတွေသည် ပြူးကျယ်သွားလေသည်။
ရှမေလင်း ထိုလူအားတွေ့လိုက်ရသည့်အခါ ခံစားနေရသော နာကျင်မှုနှင့် စိုးရိမ်မှု အလုံးစုံသည် ပျောက်ကွယ်သွား၏။ သူမလက်နှစ်ဖက်အား သူ့ဆီဆန့်ထုတ်ကာ "ရီဖုန်း...."
ထိုလူသည် သူမနားအလျင်အမြန်လျှောက်သွားပြီးနောက် မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်ပြီး "ငါ့မိန်းမ မွေးတော့မယ်! ဖယ်စမ်း!"
အရှေ့တွင် ရပ်ဘဲရပ်နေသည့် သုံဟွာနှင့် ယုံဝေ့ချင်ကြောင့် လုရီဖုန်း သည်းမခံနိုင်စွာ ဒေါသထွက်လာရ၏။ စံအိမ်အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လျှောက်သွားလေကာ သူစီးလာသည့် အနီရောင် lamborghiniကား၏ မောင်းသူဘေးခုံတွင် ညင်သာစွာချပေးပြီးနောက် မောင်းသူခုံသို့လျင်မြန်စွာဝင်ထိုင်လိုက်သည်။
သူမ အသက်ရှူနှုန်းသည် စတင်လေးလံလာပေမယ့်လည်း မျက်ဝန်းထဲတွင်တော့ သက်သာရာရနေလေ၏။ "ရှင်မဟုတ်ဘူးဆိုတာ ကျွန်မသိသားပဲ....ရှင် မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်...." ထိုစကားလုံးတို့အား ထပ်ကာထပ်ကာ ရေရွတ်နေလေ၏။ သူမ မျက်ခုံးတွေ အတူတူတွန့်ချိုးလာသလို အောက်ပိုင်းနေရာမှ စူးရှလွန်းသော နာကျင်မှုသည် အသံထွက်အော်မိသွားစေ၏။
ESTÁS LEYENDO
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...