Uni
"ရိပေါ်!"
လေးထောင့်ဘောင်ခတ်ထားတဲ့မျက်မှန်အောက်က ကိုကို့ မျက်ဝန်းတစ်စုံကအနည်းငယ်ပြူးကျယ်သွားတယ်ထင်ရသည်။
ရိပေါ် အထင်မလွဲပါဘူး ရှောင်းကျန့် ဆိုတဲ့ဒီလူသားကို ကိုယ့်ကိုယ်ကို ထက် ပိုပြီးယုံကြည်တာမို့။
ကိုကို က မဟုတ်ဘူးဆိုရင်မဟုတ်ဘူးပဲ။အကယ်၍ သာဆိုရင်လည်း ရိပေါ် က ကိုကို့လက်ကို လွှတ်ပေးရဖို့ဝန်မလေးပါဘူး။
ကိုကို သာပျော်ရင် ရိပေါ် နာကျင်ရတယ်ဆိုတာက မြူမှုန်ပမာမို့။ရိပေါ် ခေါ်သံရဲ့နောက်မှာ ကိုကို့ ကျောပေါ် မျက်နှာအပ်လို့ ကလေးလိုချွဲနေတဲ့သူက ခေါင်းထောင်ကြည့်သည်။
ကိုကို့ ရဲ့လက်ချောင်းရှည်လေးတွေက ထိုသူ့ လက်တွေပေါ်မှာ။
ရိပေါ် က တပ်လေ့တပ်ထမရှိတဲ့မျက်မှန်တပ်ပြီးဦးထုပ်ကိုငိုက်စိုက်ဆောင်းထား၏။
ရှောင်းကျန့်ညှပ်ပေးထားလို့ဟိုတစ ဒီတစကျနေတဲ့ဆံပင်တွေကို စုစည်းထားသည်။
ဟုတ်တယ် အခုလိုဆေးမပြတ်သေးတဲ့အချိန်မှာ သူအသက်ရှင်နေသေးတယ်ဆိုတာလူသိခံလို့မဖြစ်ဘူး။တော်တော်လေး သက်သာနေပြီဆိုပေမဲ့ အရှင်းပြတ်သေးတာမဟုတ်တော့ ရိပေါ် ရုပ်ဖျက်ပြီးထွက်လာသည်။
ကိုကို နဲ့လဲအပြင်မှာ ကော်ဖီလေးတစ်ခွက်သောက်ပြီးမှပြန်မယ်လို့လဲတွေးထားသေးသည်ကိုး။သူ့ကို မော့ကြည့်တဲ့ သူကို ရိပေါ် စေ့စေ့ကြည့်မိတော့ ရိပေါ် မျက်ဝန်းများ ပြူးကျယ်သည်အထိအံ့သြရသည်။
တကယ် ပဲသူ့ရှေ့မှာမှန်တစ်ချပ်ထောင်ထားသည့်အလား။ခေါင်းပေါ်က မေပယ်ရောင်ဆံပင်တွေကလွဲရင် လွန်ခဲ့တဲ့ ၃ နှစ်ကရိပေါ် အတိုင်းပဲ။
ရိပေါ် ကအခုချိန်မှာပြန်ထူထောင်နေရသေးတာမို့ အရင်လိုတော့ မချောမောနိုင်သေးဘူးမှတ်လား။ကိုကို ကသူ့လက်တွေ့ကို ဖြူနုနုလက်ဖမိုးပေါ်က ရုတ်လိုက်သည်။
"ရိပေါ်!"
ဘယ်လိုပဲ နေနေ ရိပေါ် သည်လဲလူသားပေမို့အနည်းငယ်တော့ကြောင်အသွားသည်။
ရှောင်ကျန့် ရဲ့ဒုတိယမြောက် ရိပေါ် ဆိုတဲ့အသံမှာမှ ရိပေါ်အသိဝင်လာသည်။
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...