16💥

2.7K 227 15
                                    

Unicode version

"J companyရဲ့ အမွေ ဆက်ခံသူ kim jennieနဲ့ မင်းသမီး kim jisooက ကွာရှင်းပြီးပီလား?"

ဒီခေါင်းစဉ်နဲ့အတူ သတင်းစာတိုင်းရဲ့ ရှေ့ခေါင်းစဉ်မှာ ပါလာလေသည်

"အားလုံးက Jennie kimနဲ့ kim jisooတို့ကို ကွာရှင်းပီးပီ ထင်နေပေမယ့် သူတို့၂ယောက်ကို Kim jisooရဲ့လက်ရှိ drama shootingမှာ တွေ့လိုက်ရပါတယ် သူတို့၂ယောက်ဟာ အချိန်တိုင်းမှာ အတူရှိနေတာကို သတိပြုမိပါတယ် ဒီတော့ အခုထိ ကွာမရှင်းရသေးလား?"

TVမှာ လာနေတဲ့ သတင်းကို ကြည့်ကာ daraက

"အမယ်လေး တော်သေးတာပေါ့ jennieက သမီးနဲ့ မကွာရှင်းရတာကို ကြေညာပေးလို့ပေါ့ မဟုတ်ရင် ကျွန်မက အလတ်မကို ပူနေရဦးမယ် မြန်မြန် jennieအိမ်ကို ပြန်သွားမှ အဆင်ပြေမှာပါ"

Daraကတော့ ပြုံးပီးပျော်ကာ ပြောနေပေမယ့် jinyoungကတော့ သူ့သမီးကို သူစိတ်ပူနေပါသည်

ဖောက်ပြန်ခဲ့တာက Jennie kimပါ ဒါပေမယ့် ကိုယ့်သမီးကတော့ နစ်နာကြေးဘာမှမရဘဲ ယောက္ခမဆီကနေ တပြားမှ မရဘဲ နှင်ထုတ်ခံလိုက်ရတာကို တွေးပီး ရင်နာလို့မဆုံး....

Daraက jennie kimဖောက်ပြန်တာကို သိမှမသိတာ ဒီတော့ အခုကိစ္စကို ကျေနပ်နေတော့မှာ

သူ့မှာတော့ အခုလောလောဆယ် jennie kimကို ပြေးသတ်ချင်စိတ်ပေါက်နေပါသည်

ဒီအချိန် jisooက စိတ်တိုတိုနဲ့ အောက်ထပ်ဆင်းလာတာမြင်တော့

"သမီး တွေ့ပီးပီလား jennie kimနဲ့ကိစ္စ"

Jisooက စိတ်ညစ်ညစ်နဲ့ ခေါင်းညိတ်ပြတော့

"တော်သေးတာပေါ့ ဒီကိစ္စ သတင်းထွက်လာမှ အာ့မှ ငါ့သမီးလေ jennie kimနဲ့အတူ..."

Daraက ပြုံးဖြီးပြောနေပေမယ့် jinyoungကတော့ သိသိသာသာကို မျက်နှာပျက်နေကာ

"Soo ya ဖေဖေနဲ့ ခဏစကားပြောရအောင်"

Jinyoungက သူ့သမီးကို မီးဖိုချောင်ထဲ ခေါ်လာပါသည်

"ဘယ်လိုဖြစ်တာလဲ သမီး"

"သမီးလည်း မသိဘူး ဖေဖေ"

Love affair (Jensoo & Chaelisa)Dove le storie prendono vita. Scoprilo ora