Unicode
မင်္ဂလာပွဲစရန် သုံးရက်အလို💖
အချစ်ကဆန်းကြယ်ပါတယ်ဘဝမှာတစ်ကြိမ်တစ်ခါချစ်ဖူးသူကမျိုးနွယ်မတူတဲ့လူသားပါတဲ့ ကလေးငယ်ရေ...ကိုယ့်ကိုအနိုင်ယူအပိုင်သိမ်းတတ်တဲ့သူမို့မုန်းတီးနေမလား မုန်းမုန်းချစ်ချစ် ကိုယ့်အနားကထွက်မသွားပါနဲ့ကြွေရုပ်လေးရေ...ကိုယ် အသက်မရှူသွေးမသောက်ဘဲအရာရာကိုအရှုံးပေးမိမှာစိုးလို့ပါ အဖြစ်ကဆိုးပါတယ်သားတော်ရဲ့ခံစားချက်ကိုမျက်ကွယ်ပြုပြီးလက်ဆက်ပွဲကျင်းပရမှာ...ကိုယ့်ကိုအပြစ်မတင်ကြပါနဲ့ချစ်ရသောသူ၂ယောက်ရေ...
သားတော်မောင် မျက်နှာလည်းမကောင်းမှန်းသိသော်လည်း မင်းဒီပါ ဂရုမစိုက်မိပါ...အဖေဆိုးဟုပြောရင်လည်းပြောပါစေတော့ သူနှစ်၃၀၀လောက်ဖခင်ကောင်းလုပ်လာပြီးပြီဘဲ သည်တစ်ခါတော့သူ့ခံစားချက်ကိုဦးစားပေးလို့ရနိုင်မလား...
အပြင်အဆင်တွေကို လိုလေသေးမရှိခမ်းနားစွာပြင်ဆင်ထားသည်
ရေတံခွန်နားမှာတစ်ပွဲ၊နန်းတော်မှာဂုဏ်ပြုသွေးသောက်ရန်တစ်ပွဲ၊လူသားလောကမှာတော့ လက်ထပ်စာချုပ်ဖြင့်သာချုပ်ဆိုရန်ဆုံးဖြတ်ထားသည်....
Babe၏ဆန္ဒကိုမမေးတော့ပါ...လက်မခံဘူးဆိုအသည်းကွဲရချည်ရဲ့ ...သူ့စိတ်ကြိုက်စိတ်တိုင်းကျအောင်တော့ပြင်ဆင်ပေးထားသည်စိတ်ဖတ်နိုင်သည့်စွမ်းရည်ရနေ၍လည်းဖြစ်မည်...ဒီကလေးတစ်ခုခုလျှို့ဝှက်ထားမှန်းသိသော်လည်း သူသံသယမဝင်ချင်ပါအချစ်ကအဆိုးတွေအကုန်လုံးကိုမျက်ကွယ်ပြုနိုင်သလားမပြောတတ်ပေ...ဖြစ်နိုင်တာတစ်ခုကတော့ မင်းဒီပါ၏ ဧကရီ ဆိုသည့်နေရာကို မဖြစ် ဖြစ်အောင်တင်မြှောက်မည်ဟုသာတွေးထားသည်...Weddingမှာသုံးရန် စျေးကြီးပြီးရှားပါးသည့်Tulipsတွေကိုရှာဖွေထားသည် Babeနစ်သက်သောပန်းလည်းဖြစ်၍ သူ့အတွက်အားသာချက်က Babeစိတ်ကိုဖတ်နိုင်၍ babeအကြိုက်ကိုမရရအောင်ရှာနိုင်ခြင်းပင် ....သည်လူသားလေးကိုသူလက်မလွှတ်နိုင်ပါအဆုံးထိ ဆွဲထားမည် လိုအပ်လျှင်သူတို့လိုသွေးစုပ်မျိုးနွယ်ဖြစ်အောင်လုပ်ပေးမည်...ဘဝမှာအကြောက်ဆုံးက အချစ်ရဆုံးသူပျောက်ကွယ်သွားမှာပင်...နောက်ဆုံးထွက်သက်ထိအတူတူရှင်သန်သွားမည် သူ့ခွင့်ပြုချက်မ
ရဘဲ သေဆုံးခွင့်မပြု...ဤမျှအတ္တကြီးကြီးနှင့်ချစ်ရသည်...ထိုလူသားငယ်ကတော့မသိပါလေ သူ့နှလုံးသားမှာလည်းနေရာမပေးထားသေး ....ငြင်းသည်လည်းမဟုတ်လက်ခံသည်လည်းမပြော...အသက်မပါသောကျောက်ရုပ်ကဲ့သို့ ခံစားချက်ကင်းစွာဒီရက်ပိုင်းတွင်းသူ့အနားမှာနေသည်...

ESTÁS LEYENDO
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...