အပိုင်း ၉ (နှလုံးသားထပ်တူ)

538 65 27
                                    

အပိုင်း ၉ (နှလုံးသားထပ်တူ)

ပန်းပွင့်များဖြင့် လှပနေသော ကောင်းကင်နန်းတော်၏ ခန်းမဆောင်တွင် ကောင်းကင်မင်းကြီးနှင့်တကွ အခြားသော နတ်မင်းများအားလုံးသည် အလှဆုံးနတ်သမီးကိုကြိုဆိူရန် ကံကြမ္မာကျောက်တိုင်သို့သွားကြပြီဖြစ်သော်လည်း နဂါးမင်းသား လုံရန့်မှာတော့ ပန်းပွင့်စိမ်သေရည်ကိုအရသာခံသောက်ရင်း နေခဲ့သည်။ သူ့ဘဝတွင် အလွန်လှပသော နတ်သမီးများ နဂါးမင်းသမီးများစွာကိုတွေ့ဖူးသော်လည်း ရင်ခုန်ခြင်းမရှိခဲ့။ မိန်းမ ဟု တွေးလိုက်လျှင် အရင်ဆုံးခေါင်းထဲရောက်လာသူမှာ အရှေ့ပင်လယ်မှ နဂါးမလေး ချူလန်။

အရှေ့ပင်လယ်နဂါးပုလဲပျောက်ဆုံးမှုကို အရှေ့ပင်လယ်နဂါးမင်းနှင့် သူ၏ဖခင် တောင်ပက်လယ်နဂါးမင်းတို့ တိတ်တဆိတ်ဆွေးနွေးကာ နဂါးမလေး အကူအညီရရန် သူ့ကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သေမျိုး မင်းသားအဖြစ် ဟန်ဆောင်နေစဥ်က သူ၏မျက်နှာကိုမျက်နှာဖုံးအုပ်ထားခဲ့ပါသော်လည်း ဆန်းကြယ်စွာပင် သူမက သု့မျက်နှာကိုတွေ့မြင်သွားခဲ့သည်။ နဂါးမင်းသားတစ်ပါးအနေဖြင့် ကိုယ်လက်သန့်စင်ရန်မလိုအပ်သော်လည်း နောက်ဆုံးတစ်ညတွင် ရေချိုးကာ ကိုယ်လက်သန့်စင်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချူလန်ဆိုသော နဂါးမလေးက သူ၏ကိုယ်ခန္ဓာကိုတွေ့မြင်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကိုတွေးရင်း နှုတ်ခမ်းမှ အလိုလိုပြုံးမိနေသည်။

"နဂါးမင်းသားကို ဂါရဝပြုပါတယ်''

အသံကြားရာသို့လှည့်ကြည့်လိုက်သောအခါ အပြုံးချိုချိုဖြင့်နှုတ်ဆက်နေသော မိန်းကလေးတစ်ယောက်ကိုတွေ့ရသည်။

"ဟုတ်ကဲ့''

"နဂါးမင်းသားလေးက ကျွန်မကိုမမှတ်မိဘူးထင်တယ် အရှေ့ပင်လယ်ကပါ''

"ဪ ဟုတ်သားပဲ အရှေ့ပင်လယ် နဂါးမင်းသမီး မမှတ်မိလိုက်တာ ခွင့်လွှတ်ပါ''

"ရပါတယ် နဂါးပုလဲကိစ္စ ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်''

"ကိစ္စမရှိပါဘူး''

နဂါးမင်းသား၏ အမူအရာကိုအကဲခတ်၍ ချူယင် ပြောလိုက်သည်။

အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)Место, где живут истории. Откройте их для себя