>190<[Zawgyi & Unicode]

2.8K 280 1
                                    

[Zawgyi]

ဒါတွေက ကိုယ့်ရဲ့မကောင်းမှုတွေ

လုရီဖုန်း သူမလက်အားဆုပ်ကိုင်ပြီးနောက် မတ်တပ်ရပ်လိုက်ပြီး "ကိုယ်မင်းအရာအားလုံး မပြောပြခင်လေး အဆုံးထိနားထောင်ပေးမယ်လို့ ကတိပေးပါ"

သူ့စကားကြောင့် သူမ မျက်တောင်အနည်းငယ်ခတ်မိသွား၏။

"မေလင်း ကိုယ့်ကိုကတိပေးပါ အဆုံးထိနားထောင်ပေးပါမယ်လို့" သူမလက်အား ခပ်ဖြေးဖြေးညှစ်လိုက်ရင်း လုရီဖုန်း ပြော၏။

ဘယ်လောက်ထိ စိတ်ပူနေလဲဆိုတာ လုရီဖုန်းမျက်လုံးတွေထဲတွင် အထင်းသားမြင်နေရသည်မို့ ရှမေလင်း ခေါင်းသာငြိမ့်လိုက်သည်။ "အင်း။ ကျွန်မ ကတိပေးတယ်။ ရှင် ကျွန်မကိုပြောချင်တာက?"

အဖြေမပေးခင် နက်ရှိုင်းစွာအသက်တချက် ရှူသွင်းလိုက်ပြီး "အရင်တုန်းက......ကိုယ်မင်းအပေါ် ပြစ်မှုအကြီးကြီးကျူးလွန်တယ်လို့ပြောလာတဲ့အခါတိုင်း မင်းစိတ်ရှုပ်ထွေးနေခဲ့သလို.....ကိုယ်ဘာပြောချင်လဲဆိုတာ မင်းနားမလည်ခဲ့ဘူး....အဲ့အချိန်တုန်းကကျ မင်းမှာ ကိုယ်တို့အတိတ်ကမှတ်ဥာဏ်တွေ မရှိတဲ့အချိန် ဖြစ်နေသေးတာလဲပါတယ်"

သူဘာကိုပြောချင်လဲဆိုတာ သဘောပေါက်ဖို့ ရှမေလင်း အချိန်အများကြီးမယူလိုက်ရ ထို့ကြောင့်ပင် သဘောပေါက်လာသည့်အခါ ရှမေလင်း ထိတ်လန့်သွားကာ "ရှင်က....သူပဲ....သူပဲလို့တော့....ကျွန်မကို မပြောဘူးမလား..?"

တချို့သောအကြောင်းအရင်းများကြောင့် ရှမေလင်းစကားသည် လုရီဖုန်းအတွက် ဟာသသဖွယ်။ သူက မတူညီတဲ့သူမဟုတ်ပါဘူး ဘာကိစ္စပဲရှိလာရှိလာ သူက လူတစ်ယောက်တည်းပါပဲ။

"ရှင်က သူပဲလား?"

သူ့ပါးပြင်အား ချစ်စိတ်အပြည့်ဖြင့် သူ့လက်တို့ဖြင့် ထိတွေ့ကာ "အတိတ်ဘဝတုန်းက မင်းအပေါ်မကောင်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ကိုယ်သိတယ် ပြီးတော့ အရိုးသားဆုံးပြောရရင် ကိုယ်နောင်တရပါတယ် မေလင်း"

အတိတ်ဘဝအကြောင်းအရာတွေသည် ရုပ်ရှင်တကားနှယ် သူမမျက်စိရှေ့ ပေါ်လာလေ၏ ထို့ကြောင့်ပင် ထိတ်လန့်မှုအပြည့်ဖြင့် သူမ ခြေလှမ်းတို့သည် နောက်ဆုတ်သွားကာ "မဟုတ်ဘူး...မဟုတ်ဘူး...မဖြစ်နိုင်တာ...ရှင်က...သူပဲဆိုတာ မဖြစ်နိုင်ဘူး..."

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးOpowieści tętniące życiem. Odkryj je teraz