>191<[Zawgyi & Unicode]

2.8K 300 6
                                    

[Zawgyi]

သူ့မျက်ရည်တွေ

ဘယ်လောက်ကြာသည်အထိ ငိုနေသည်ကို ရှမေလင်း မသိလိုက်ပေမယ့် သူမစိတ်တွေအားစုစည်းနိုင်ချိန်တွင် မျက်လုံးအစုံသည် စပ်ဖျဉ်းပြီးလေးနေပြီဖြစ်၏။

သူမ မတ်တပ်ရပ်လိုက်တော့ စားပွဲပေါ်တင်ထားသည့် မိသားစုဓာတ်ပုံပေါ် အကြည့်တို့ရောက်သွားသည်။ ထိုပုံသည် မကြာသေးမီက အမွှာလေးတွေနှင့်ပါ အတူရိုက်ထားသော ဓာတ်ပုံဖြစ်သည်။

ဓာတ်ပုံထဲတွင် သူမသည် ပျော်ရွှင်စွာပြုံးနေလေပြီး လုရီဖုန်းမျက်နှာထက်တွင်သော နူးညံ့သော အမူအရာတစ်ခုကို ဆင်မြန်းထားသည်။

နူးညံ့တဲ့ပုံစံ.....ယခုလူက အတိတ်ဘဝမှ လူသာဖြစ်နေတယ်ဆိုပါက...သူ့လိုလူတွင် ယခုလို နူးညံ့တဲ့ပုံစံတွေ့ခွင့်ရမည်ဟု တစ်ခါလေးတောင် မစဉ်းစားခဲ့။

ဘောင်ခတ်ထားသော ဓာတ်ပုံအား ယူလိုက်ပြီးနောက် စိုက်ကြည့်နေမိသော်လည်း စိုက်ကြည့်ချိန်ကြာလေ သူမနှလုံးသားထဲမှ နာကျင်လေဖြစ်၏။

ဓာတ်ပုံကိုပြန်တင်ထားလိုက်ပြီးနောက် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။ လုရီဖုန်း သူမအပေါ်ကျူးလွန်ခဲ့သည့် အရာများကိုတွေးနေရင်းပင် ခြေဦးတည့်ရာ လျှောက်သွားလိုက်သည်။

သူမခြေလှမ်းတွေသည် လုရီဖုန်းနှင့်အတူနေသည့် အခန်းရှိရာဆီသို့ ခေါ်ဆောင်သွားလေ၏။ အခန်းရှေ့တွင် ခနကြာသည်အထိ ရပ်နေပြီးနောက် တံခါးအားဖြည်းညှင်းစွာဖွင့်လိုက်ပြီး မြင်ရယုံအနေအထားနှင့်သာ ချောင်းကြည့်လိုက်သည်။

မီးတွေပိတ်ထားသလို အခန်းထဲတွင် တစ်ယောက်မှ ရှိမနေ။ ထိုအချင်းအရာကို သူမမျက်စိရှေ့တွင်မြင်လိုက်ရသည့်အခါ နှလုံးသည် ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါးဖြစ်သွားလေ၏။ အခန်းထဲမှ သူ မရှိရင် သူမ အနေနဲ့ပိုပြီးစိတ်သက်သာရာ ရရမှာ မဟုတ်ဘူးလား? ဒါနဲ့များဘာလို့များ ခံစားချက်က ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ?

တံခါးလက်ကိုင်ဘုအား တင်းကျပ်စွာဆုပ်ကိုင်ထားရင်း အခန်းထဲကိုသာ ကြည့်နေမိသည်။ သူမ ပျော်ရွှင်သင့်တာဖြစ်ပေမယ့်...ဘာလို့များ ခံစားချက်က မပျော်ရွှင်ဖြစ်နေရတာလဲ?

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးNơi câu chuyện tồn tại. Hãy khám phá bây giờ