[Zawgyi]
ရှင့်ကို ဘယ်သူ့မှမပေးနိုင်ဘူး
သူအိမ်မက် မက်နေတာများလား? သူမက သူ့ကို ဘာလို့ဖက်တာလဲ?
စိတ်ထဲမှ မေးခွန်းများစွာနှုင့်ပင် လုရီဖုန်းစိတ်တွေသည် နောက်ဆုံးတော့ တည်ငြိမ်လာ၏။
"ရှင်ပြောတာ နားထောင်ပေးမယ်..." ရှမေလင်း၏ နူးညံ့ပြီးချိုသာသောအသံအား သူ့အနောက်မှ ကြားလိုက်ရသည်။
သူ့မျက်ရည်တို့ကိုသုတ်လိုက်ပြီးနောက် သူမလက်မောင်းတွေအား သူဆုပ်ကိုင်လိုက်ချိန်မှာ နွေးထွေးမှုနှုင့် နူးညံ့မှုတို့ကြောင့် သူမတကယ်ရှိနေတယ်ဆိုတာ သိလိုက်ရသည်။ "ကိုယ်...." သူ့အသံတွေ အက်ရှနေသည်မို့ ပြောနေသည်အား ရပ်လိုက်၏။
သူ့လက်ပေါ်တွင် ရှမေလင်း လက်တင်လိုက်ပြီးနောက် သူမဘယ်မှမသွားဘူးဆိုတာ သူသေချာသိစေရန် လက်ချောင်းတို့အား လိမ်ယှက်လိုက်လေ၏။ ဒီတကြိမ်တွင်တော့ သူပြောလာသမျှကို နာခံစွာ သူမ နားထောင်ပေးမည်။ ဖြတ်မပြောဘဲ သူမစိတ်မလွတ်သွားအောင် သေချာထိန်းချုပ်ထားမည်။
သွယ်ယှက်ထားသော သူတို့လက်ချောင်းတွေအား လုရီဖုန်း ငုံ့ကြည့်လိုက်သည့်အခါ နွေးထွေးမှုကို ခံစားရစေ၏။ "ကိုယ်ပြောပြချင်တဲ့ ပြောစရာရှိတာ အရာအားလုံးပြောပြပေးမယ်...."
ဟုတ်သည်။ သူ့အပြစ်တွေကို သူမဆီဝန်ခံချင်သလို....သူမဆီမှ ခွင့်လွှတ်မှုကို တောင်းခံချင်သည်။
"ဒါဆို ကျွန်မမေးခွန်းကို အရင်ဖြေပေး" သူမ ခေါင်းအား သူ့နောက်ကျောတွင် နေရာယူလိုက်ပြီး "အတိတ်ဘဝမှာ....ရှင်က သေသွားခဲ့တာလား? ခန ဒါက ရူးနှမ်းတဲ့မေးခွန်းဖြစ်နေတယ် ရှင်သေဆုံးခဲ့လို့ပဲ ဒီရောက်နေတာ"
"ကိုယ့်ကို မင်းအကိုက သတ်ခဲ့တာ" လုရီဖုန်း အရိုးသားဆုံးပြောလေ၏။ သူ့ကိုယ်ပေါ်မှ သူမလက်တွေကိုဖြည်ပေးလိုက်ပြီးနောက် သူမနှင့်မျက်နှာချင်းဆိုင်သည်။
သူ့စကားကြောင့် ရှမေလင်းမျက်လုံးတွေသည် အံ့သြမှုကြောင့် ဝိုင်းစက်သွား၏။ သူမအကိုက အတိတ်ဘဝမှာအသက်ရှင်နေတုန်းလား? ဒါသည်...ယခုအချိန်နှင့် တွက်ချက်ကြည့်ပါက နှစ်နှစ်လောက်ကြာနှင့်ပြီ။ ဒါဆို အဓိပ္ပာယ်က သူမအကိုက ပိုပြီးကြာကြာနေနိုင်မယ့် သဘောမလား?
BẠN ĐANG ĐỌC
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Lãng mạnသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...