First Love

2.1K 193 16
                                    

Unicode

ငါဟာ တွယ်ကပ်တတ်တဲ့သူ‌တွေကိုသိပ်မုန်းတယ် ။
ငါကြိုက်တဲ့သူ ငါသဘောကျတဲ့ ပစ္စည်းဆို မရရအောင် ယူတတ်တယ် ။
သူမနဲ့မတွေ့ခင်အထိ ငါဟာ တစ်ဖက်လူအမြင်ကိုဂရုမစိုက်ခဲ့ဘူး ။
လိုချင်တာရအောင်ယူပြီး ၊ တစ်‌ကိုယ်ကောင်းစိတ်အပြည့်ရှိခဲ့တယ် ။

ငါကချစ်ဖို့ကောင်းတဲ့အရာလေးတွေ သဘောကျတယ် ။
အထူးသဖြင့် သူမပေါ့ ။
သူမက ကလေးတစ်ယောက်လိုပဲ ။
ပါးအိအိလေးတွေက ရဲရဲလေးနဲ့ သိပ်ချစ်ဖို့ကောင်းတယ် ။
အထူးသဖြင့် မျက်လုံးဝိုင်းဝိုင်းလေး‌တွေ နဲ့ မျက်တောင်ကော့ကော့လေးတွေ တအားလှတယ် ။

ငါသူ့ကိုပိုင်ဆိုင်ချင်တယ် ။
မိသားစုဆီက နွေးထွေးမှုမရခဲ့တဲ့ငါဟာ သူမနဲ့တွေ့မှ
နွေးထွေးကြင်နာမှုကိုခံစားခဲ့ရတယ် ။
ငါ့အဖေ နဲ့ အမေက နောက်အိမ်ထောင်ကိုယ်စီနဲ့
နိုင်ငံတစ်ခုစီမှာ တစ်ကွဲတပြားနေထိုင်ကြတယ် ။
တာဝန်မသိတဲ့တတ်တဲ့ငါ့မိဘတွေဟာ
၁၅နှစ်သာရှိသေးတဲ့သမီးမိန်းက‌လေးငါ့ကို စံအိမ်တော်ကြီးမှာ အစေခံတွေနဲ့ အထိန်းတော်တစ်ယောက်ကို ထားခဲ့ပြီး ငါ့တစ်ယောက်ထဲနေစေတယ် ။
ငါ့မိဘတွေဟာ ပိုက်ဆံ‌‌ကိုတော့ လိုလေသေးမရှိအောင် တစ်လတစ်ခေါက်အပြည့်အဝပို့ပေးကြတယ်။

ငါဟာလည်း သူတို့ဆီကဂရုစိုက်မှုကို မလိုချင်ဘူး ။
ငါ့ကိုယ်တိုင် ရပ်တည်နိုင်တယ် ။
ပိုက်ဆံရှိရင် အားလုံးပြည့်စုံပြီ ။
ငါဟာ အနာဂတ်မှာ ဘယ်သူမှ မော်မကြည့်နိုင်အောင်
‌အာဏာရှိအောင် ကြိုးစားရမယ် ။
အထူးသဖြင့် ငါ့မိဘတွေပေါ့ သူတို့တောင် ငါ့ကိုမော်မကြည့်နိုင်စေရဘူး ။
အနာဂတ်မှာ ငါ့ကိုအထင်သေး မော်ကြည့်သူမှန်သမျှ ငါဘယ်သူ့ကိုမှ အရှင်မထားဘူး ။
‌မင်းကတော့ချွင်းချွက်ပေါ့ နုငယ် ။

#######

June.1.2012

ငါ့နာမည်က ရှင်ပုလဲသွင် ။
ကျောင်းအသစ်ကို ငါပြောင်းခဲ့ရတယ် ။
ဒီနှစ်ငါဟာ နဝမတန်း ။
ငါအခု အချိန်ဆို ဒဿမတန်းတက်ရမှာ ။
ငါ့မိဘတွေရဲ့ ကွာရှင်းမှုကြောင့် ငါ့ အတန်းပညာရေးဟာ တစ်နှစ် out လိုက်ရတယ် ။
မကြာခဲ့ပါဘူး ငါ့မိဘတွေ ကွာရှင်းခဲ့တယ် ။
သူတို့အိမ်ထောင်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံ
ခွဲနေထိုင်ကြတယ် ။

First LoveWhere stories live. Discover now