>194<[Zawgyi & Unicode]

2.7K 278 1
                                    

[Zawgyi]

အဲ့တာဆိုလည်းလုပ်လိုက်

"လီပင်းပင်း နင့်အသက်အရွယ်အတိုင်း ပြုမူသင့်နေပြီ။ နင်က မိခင်တစ်ယောက်ဖြစ်နေပြီ ငါ့အကိုလက်ထဲကိုပဲ လွှဲထားလို့မရဘူး။ ကလေးယူဖို့ စပြီးဆုံးဖြတ်လိုက်ကတည်းက တကယ်ရင့်ကျက်သင့်နေပြီ။ နင့်ကလေးအပေါ်ကိုလည်း စိတ်ရှည်သင့်တယ်။ ကိုယ့်ကလေး အီးတောင် ဘာလို့အဲ့လောက်ကြီး ရွံနေရတာလဲ? နင်ကရော အလေးမစွန့်တဲ့လူလား? ကံတရားအရ နင်ကမိခင်တစ်ယောက်ဖြစ်နေပြီး သူကလည်း နင့်ကလေးဖြစ်နေပြီ! ကလေးတစ်ယောက်လို ပြုမူမနေ- မဟုတ်သေးဘူး ကလေးတွေတောင် နင့်ထက်တော်သေးတယ်! နင့်ကလေးအရင်းကိုတောင် ရှောင်ကွားလေးက နင့်ထက်ပိုပြီး စောင့်ရှောက်ပေးနိုင်တယ်" ရှမေလင်း ထက်လှစွာပြောလေ၏။

ထို့အတူပင် ရင်ဘတ်အား မရေမတွက်နိုင်သော မြှားများဖြင့် ပစ်ခံလိုက်ရသလို လီပင်းပင်းသည်လည်း ခံစားလိုက်ရသည်။ တိုက်ရိုက်ပြောတတ်သော ရှမေလင်းစကားတွေသည် ချွန်ထက်လှသော ဓားတစ်ချောင်းနှင့်တူနေတာကြောင့် လီပင်းပင်း ချက်ချင်းပင် အပြစ်ရှိသလို ခံစားလာရကာ သူမမြင်ကွင်းမှ ထွက်ပြေးသွားချင်သည်မို့ ဇက်ပုသွားလေ၏။

ပြီးနောက် ရှမေလင်း အကိုဖြစ်သူဘက် လှည့်ကြည့်သည် "ပြီးတော့ ကိုကိုရောပဲ"

ရှစစ်နျန် မကူမကယ်နိုင်စွာပင် ရင်တုန်လာလေ၏။ ရှမေလင်းက သူ့ကိုဘာပြောလာမှာလဲ? သူမစကားတွေကြားရင် သူရောအဆင်ပြေပါ့မလား?

"ကိုယ့်ဇနီးကိုယ် ဖျက်စီးနေတာ ရပ်လိုက်တော့! ကလေးကိုမထိန်းချင်ဘူးဆိုတာနဲ့ပဲ ကိုကိုက သူ့နေရာဝင်ပြီး အမေလုပ်ပေးရမယ်လို့ ဆိုလိုတာမဟုတ်ဘူး! အရင်က စည်းကမ်းကြီးပါတယ်ဆိုတဲ့ကိုကိုက ဘယ်ရောက်သွားတာလဲ? ကိုကိုရော လီပင်းပင်းရော နှစ်ယောက်လုံး ကလေးကို အတူတူထိန်းသင့်တယ်"

လီပင်းပင်းလိုပင် ရှစစ်နျန်သည်လည်းခေါင်းငုံ့လိုက်သည်။ သူ့ညီမပြောတာမှန်၏။ ကလေးမွေးပြီးတည်းက လီပင်းပင်းအကျင့်တွေကို သူကပဲဖျက်စီးမိသလို ဖြစ်သွားတာ။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးOù les histoires vivent. Découvrez maintenant