"ဟဲ့ ပျော်ပွဲစားလုပ်တာကို ငါက ပုဆိုးဝတ်ဖို့လိုလား
."
ပိုင်ဇေက သူ့ကို အတင်းပုဆိုးဝတ်ပေးနေသည့် ခွန်းသနဲ့မိမွန်ကို မေးတော့..မိမွန်က" ကိုသြရလည်း ပုဆိုးဝတ်ထားတာလေ ဆင်တူဖြစ်အောင်.."
"နင့်ဘိုးအေဆင်တူ .. သူဝတ်ထားက အပြာရောင်ရှပ်လေ.. ငါဝတ်ထားတာ အဖြူလေ.."
"နင်လျှာကို ရှည်တယ်.."
မိမွန်က ဟောက်လိုက်မှ ပိုင်ဇေ လည်း ငြိမ်သွားသည်။
ခြံအနောက်ဖက်တွင်မုန့်တွေ ခင်းကျင်းထားပြီး အကင်ကအစ အချိုပွဲတွေအဆုံး.. ပိုင်ဇေ အချိုပွဲခုံတန်းနားတွင် ရှိနေသည့် သြရဆီ တည့်တည့်သွားလိုက်သည်။လူတွေအကုန်လုံးက သူ့ကို စောင့်ကြည့်နေသလိုခံစားရပင်မယ့်သူသေလောက်အောင်ပျော်နေသည်။
"ကိုသြရ.."
"ပိုင်ဇေ..ဒါလေး မြည်းကြည့်.."
သြရက သူ့ပါးစပ်နားကမ်းပေးလာတာကြောင့် ပိုင်ဇေ ယူကြည့်လိုက်သည်။ ဂျယ်လီလို အပြာရောင်အိအိလေးပေါ်မှာ အဖြူရောင်လေး ခွေတင်ထားတဲ့အချိုမုန့်လေး..
"ဒါက ဘာမုန့်""Leum kleun..ထိုင်းရိုးရာအစားအစာ.."
"အော်.."
မိမိကအချိုကြိုက်သူမို့သြရကျွေးတာလို့ မှတ်ပြီး ကိုက်ဝါးလိုက်ချိန်တွင် သံလိုမာမာကြီး တစ်ခုကို ပါးစပ်ကနေ ခံစားလိုက်ရသည်။ပိုင်ဇေ မျက်လုံးပြူးပြီး ပါးစပ်ထဲကဟာကို အမြန်ဆွဲထုတ်လိုက်သည်။
ငွေရောင် လက်စွပ်ကိုမှ နီလာတပွင့်ထဲ နဲ့ရိုးရှင်းစွာလှနေတဲ့ လက်စွပ်ကိုမြင်တော့ ပိုင်ဇေပါးစပ်ကို အုပ်လိုက်မိသည်။
"ဒါ..ဒါက.""အမှန်က မင်းမွေးနေ့မှာ ကိုယ်ဒီလိုလုပ်ပေးဖို့စီစဉ်ထားပင်မယ့် ကိုယ်အဲ့တုန်းက သတိမရှိနေခဲ့လို့ အချိန်တွေကျော်သွားတယ်.."
"..."
".. ဟိုလေ..သတ်မှတ်ထားတဲ့အချိန်က ကျော်သွားပြီဆိုပင်မယ်.. ကိုယ်အခု မင်းကို လက်ထပ်ခွင့်တောင်းလို့ရမလားဟင်..ကိုယ့်ကို လက်ထပ်နိုင်မလား.."
အရင်တုန်းက သြရပြောခဲ့တဲ့စကားတခုကိုသူပြန်ကြားယောင်လာသည်။သူ့ကို အဖြေပြန်ပေးတုန်းက
*မနက်ဖန်မှ တလပြည့်မှာဆိုပင်မယ့် အခုတည်းက မင်းစကားကို လက်ခံလို့ရလား* ဆိုပြီး အဖြေပြန်ပေးခဲ့တာလေ..
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...