Chapter_3

4.9K 517 16
                                    

Unicode

အိမ်အောက်ဆင်းတော့ တောင်တန်းတွေဟာ မြူခိုးကြောင့် မှိုင်းတို့ဝေနေသယောင် ။
လက်ဖက်ခင်းကြီးဟာလည်း ‌နှင်းတို့မှ အငွေ့ပျံသွားသည်ထင် ရေစတို့ကအနည်းငယ်စွတ်စိုနေသည် ။

အုပ်ထားသော ကန်ကို အဖုံးဖယ်လိုက်ရင်း သူမရဲ့ မနက်ခင်း ပြင်ဆင်ခြင်းကို ပြုလုပ်သည် ။
မက်ခွက်ထဲမှရေတစ်ဝက်လောက်ကို ရေခွက်ထဲ တစ်ဝက်မျှထည့်ရင်း ရေရိုးရိုးနှင့်ရောကာ သူမ လုပ်စရာရှိသော ကိစ္စတို့ကိုပြင်ဆင်တော့သည် ။

မျက်နှာသစ်ခြေလက်ဆေးအပြီး ဟွမ်သည် အိမ်ပေါ်သို့မက်ခွက်ကိုပြန်ယူလာရင်း မျက်နှာကို ပုခုံးပေါ်ရှိ  အမလွမ်ပေးလိုက်‌သော သဘက်ဖြင့်ညင်ညင်သာသာ သုတ်ပြီး အမလွမ်ရှိရာ မီးဖိုချောင် ထမင်းစားခန်းသို့ လာခဲ့သည် ။

“ကျေးဇူး အမလွမ် ၊ ဒီမှာ...ခွက် ”

ဟွမ်ပေးသော ‌မက်ခွက်ကို လှမ်းယူရင်း
အမလွမ်က ပြုံးရင်း နှာခေါင်းရှုံ့ကာမေးသည် ။

“ကန်ထဲက ရေတွေ အေးတယ်မဟုတ်လား ”

ထိုအခိုက် ဟွမ့်မှာ မျက်တောင်ပင်မခတ်နိုင် ။
ချစ်ဖို့ကောင်းလိုက်တာ...
အမလွမ် ထပ်ပြောတော့မှ
ဟွမ်အသိပြန်ဝင်လာသည် ။

“ဒါပေမယ့် ညီမဟွမ်နေတဲ့ အဂ်လန်ဆောင်းကိုတော့ ဘယ်မှီပါ့မလဲနော့် ”

နှစ်ယောက်သားစားပွဲခုံထဲဝင်ထိုင်ရင်း အမလွမ်စကားကို ပြုံးရင်းပြန်ပြောသည်။

“ သူ့ရာသီဉတုနဲ့သူကတော့ရှိတာပဲအမရယ် ၊
ဒီမှာအေးတယ် ဒါပေမယ့် ဒီမှာဂရုစိုက်‌ပေး တဲ့သူ‌ကြောင့် ပိုနွေးသလားလို့ ”

ထိုသို့ပြောလိုက်တော့ အမလွမ်ဟာ ခေါင်းငုံ့ပြီးခဏတာပြုံးသည် ။
ပြီးကာမှ..

“ ဟုတ်ပါပြီကွယ်...ညီမငယ်ကို အမက ပဲပြုတ်ထမင်းလုပ်ပေးထားတယ်ရယ် မနက်ပိုင်းစားချင်တာ‌တွေရှိရင် အမကိုပြော”

“ညီမအတွက် တကူးတက လုပ်စရာမလိုပါဘူး ။
အမလွမ် စားသလို ညီမကိုပြင်ပေးလို့ရပါတယ် ”

အမလွမ်သည် သိပြီဖြစ်ကြောင်း ပြုံးပြကာ ခေါင်းညိမ့်ပြသည် ။
တစ်ကယ့်ကို ညင်သာသော အပြုအမူဖြစ်၏ ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Where stories live. Discover now