ဤဝတ္ထုတွင်ပါဝင်သော အကြောင်းများသည် စိတ်ကူးယဥ်၍ ရေးသော အကြောင်းများသာဖြစ်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ Beomgyu ဆေးရုံဆင်းတဲ့နေ့ အဲ့တာကြောင့်မို့လည်း Soobin ကော Huening ကော ရောက်နေကြသည် Tae Hyun ကတော့မပါဘူး ။ ဘာလို့လဲဆိုတော့ ရင်တွေခုန်ပြီး နေလို့မကောင်းလို့လို့တော့ပြောတာဘဲ ဘယ်သိမှာလဲနော့ 😉
" ဟေ့ရှ် ဘာလို့ သယ်တာလည်း .... အားးး ရှူးး ရှူးး ရှူးး သွား ကားပေါ်မှာထိုင်နေ..... အားယားး မဖြစ်သေးပါဘူး "
ဘယ်သူလို့ထင်ပါသလဲ
ဟုတ်မှန်ပါတယ် Choi Soo Bin တစ်ယောက် တတွတ်တွတ် ရွတ်နေသော စကားသံများသာဖြစ်သည်
ညီလေးအား အစိုးရိမ်တွေလွန်ပြီး မျက်စိတောက်ထောက်ကြည့်ရမယ်ဟု အားတွေထက်သန်နေသော ယုန်ကြီးပါဘဲ
" Hyung ရပါတယ် ကျွန်တော်ဘဲလုပ်လိုက်မယ်လေ "
" အယ် ဘယ်ရမှာလဲ Beom လေးက အခုမှ ဆေးရုံကဆင်းလာတာလေ Hyung ဘဲလုပ်ပေးပါမယ် "
" အဲ့တာဆို ကျွန်တော်ဒီမှာ ထိုင်စောင့်မယ် "
" မရ- ရပါတယ်လေ ငါ့ညီက နေချင်တာကို "
" Nae "
အရှေ့တွင် အဝတ်ထုပ်ဖြေတာကို သူလုပ်မယ်ငါလုပ်မယ် နှင့် ဖြစ်ပျက်နေသော အရာများကို ကြည့်နေရင်း Huening ခေါင်းတွေတောင်ကိုက်လာသလိုပါဘဲလေ
* ကျွန်တော်ရှိတာကော သတိထားမိသေးရဲ့လား ဟင် *
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Beom Gyu pov
Soobin Hyung က ကျွန်တော့အိမ်မှာလာနေမယ်တဲ့ ကျွန်တော့ကိုစိတ်မချလို့တော့ပြောတာဘဲ ကျွန်တော်လဲ အဲ့လောက်ကြီးကြီးမားမားမလုပ်မိပါဘူး
( မလုပ်လို့ဘဲတော်တော့ 😒😒😒 )
အခုတော့ Hyung က အိမ်ပြန်အဝတ်တွေသွားယူတာဘဲ အနည်းဆုံးတော့ တစ်ယောက်တည်းမဟုတ်တော့ပါဘူးလေအဲ့လောက်တော့မလိုပါဘူး အရင်ကတော့ ကျွန်တော် မသိမမြင်လုပ်ခဲ့ပါတယ် ဟုတ်ပါတယ် အခုတော့ Yeonjunie Hyung ပြောလို့မလုပ်တော့ဘူး
ဒါပေမဲ့" ကျွန်တော် Hyung အနားတစ်နေ့လာခဲ့မှာပါ "
Author pov
YOU ARE READING
My Precious ( TaeGyu / YeonGyu) Z + U
FanficHyung ကျွန်တော့်ကိုမထားသွားနဲ့လေ Hyung တစ်ယောက်ဘဲကျွန်တော့်အနားမှာရှိတော့တာလေ Hyung ~ - Beom Gyu Gyu မင်းအနားမှာကိုယ်မရှိနိုင်ပေမဲ့ Gyu ကိုစောင့်ရှောက်ရမှာကိုယ့်တာဝန်ဘဲလေ ကိုယ်အမြဲတမ်းရှိနေပေးပါ့...