(Present for Ge Ge's birthday...)
ဝုန်းခနဲတံခါးဖွင့်သံနဲ့အတူဝင်လာတဲ့သူတွေကြောင့် ကိုကို့ကိုဆန်ပြုတ်ခွံ့ဖို့ရိပေါ်လက်ကတန့်သွားပြီး
ပါးစပ်လေးဟရဲ့သားလေးကိုကိုကအလန့်တကြား
ဖြစ်သွားရှာတယ်။"ရှောင်းကျန့်..ဝမ်ရိပေါ်"
ကျန်းချန်ရဲ့ခေါ်သံကတော်တော်ကိုစိတ်ဆိုးနေမှန်းသိသာလှတယ်။နောက်ကမုန့်ယောင်နဲ့စစ်ကျွေး
လည်းမျက်နှာမကောင်းပေ။စစ်ကျွေးကတော့ငို
မဲ့မဲ့လေးဖြစ်နေတယ်။ကိုကို့ကိုကြည့်လိုက်တော့
လည်းမျက်စိမျက်နှာတွေပျက်နေတယ်။"ကိုကို..အာ.."
ရိပေါ်က ဂရုမစိုက်ဘူး။ သူအခုသိတာ ကိုကို့ကို ဆန်ပြုတ်ကုန်အောင်ခွံ့ရမယ်ဆိုတာပဲသိတယ်။
"ရှောင်းကျန့်.."
ထပ်ခေါ်လာတဲ့ကျန်းချန်ရဲ့အသံကခုနကထက်
အဆပေါင်းများစွာပိုပြင်းတယ်။"ကျန်းချန်..ငါ..ငါ..ရှင်းပြ.."
"ကိုကို.."
ရှောင်းကျန့်ရဲ့ စကားက ရိပေါ်ရဲ့ခေါ်သံမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားရရှာတယ်။
"ဝမ်ကျန်းချန်..ခနထိုင်ပါဦး၊ လောလောဆယ်
ကိုကိုကို့ဒါလေးကုန်အောင်ခွံ့ဖို့ကပိုအရေးကြီး
တယ်၊ ခင်ဗျားဒေါသတွေကို ခနမျိုသိပ်ထား
ဦး၊ ကိုကို...အာ"အတင်းတွေထိုးခွံ့လာတဲ့ဇွန်းကိုရှောင်းကျန့်မငြင်း
နိုင်စွာစားလိုက်ရတယ်။ကျန်းချန်ကိုကြည့်လိုက်တော့လက်သီးကိုတင်းတင်းဆုပ်လို့။ဘယ်အချိန်ထ
ပေါက်ကွဲထွက်မလဲ မသိတဲ့ ဗုံးတစ်လုံးလိုပဲ။မုန့်ယောင်နဲ့စစ်ကျွေးကကျန်းချန်ကိုအတင်းဆွဲ
လို့ထိုင်ခိုင်းပြီးသူတို့နှစ်ယောက်ကိုမမှိတ်မသုန်
ကြည့်နေကြတယ်။ ရိပေါ်ကလည်းအေးအေးစွာ
ပဲ ဆန်ပြုတ်ခွံ့ကျွေးနေတယ်။ ခွံ့ကျွေးလာတဲ့ ဆန်ပြုတ်ကဘယ်လိုအရသာရှိလဲ၊ဘယ်လိုမျို
ချမိလိုက်လဲတောင်သူမသိတော့ဘူး။ဆန်ပြုတ်ကုန်သွားတဲ့အခါရိပေါ်ကဆေးတိုက်ဖို့
လုပ်နေတယ်။ အေးဆေးလွန်းတဲ့ရိပေါ်က သူတို့နှစ်ယောက်အပြင် အခြားလူတွေရှိမှန်းတောင် သတိရသေးရဲ့လား။အားလုံး ပြီးပြီဆိုမှ ကျန်းချန်တို့ဘက်လှည့်လို့..
ВЫ ЧИТАЕТЕ
I Wanna Grow Old With You
Любовные романыလူတစ်ယောက်ကိုကိုယ့်အသက်ထက်ပိုချစ်မိသွားတဲ့အခါကိုယ့်ဖြစ်တည်မှုကိုမသိတော့ပဲသူ့ကိုပဲကာကွယ်ပေးချင်တော့တယ်...... own story Fan Fiction