[Zawgyi]
အကိင်္ျီချွတ်လိုက်တော့
"Videoကမှောင်နေတော့ videoထဲကယောက်ျားက လုရီဖုန်းဆိုတာ သက်သေလုံလောက်အောင် မပြနိုင်ဘူး ဒါကြောင့် ခင်ဗျားရဲ့ထွက်ဆိုချက်က ပိုအရေးကြီးတယ်" စုံထောက်ချန်ပြောလာ၏။
ခိုင်လုံတဲ့သက်သေမရှိဘဲနှင့် လုရီဖုန်းကို ကြာမြင့်စွာ ဖမ်းမထားနိုင်ပေ။ သူ့ကိုစွပ်စွဲဖို့ တိကျသောသက်သေ အထောက်အထားတွေအား ၅ရက်အတွင်း မရှာနိုင်ပါက လုရီဖုန်းကို ပြန်လွှတ်ပေးရမည်ဖြစ်၏။
"Videoထဲက ယောက်ျားနဲ့မိန်းမက ကျွန်မနဲ့ကျွန်မယောက်ျားမဟုတ်ဘူး" ရှမေလင်း အေးဆေးစွာ ပြော၏။ "ကျွန်မယောက်ျားက အပြစ်ကင်းတယ်။ မဒိန်းကောင်လဲမဟုတ်ဘူး"
"ဓာတ်ပုံတွေကရော?"
"ဓာတ်ပုံထဲကရုပ်တွေကို ဖြတ်ညှပ်ကပ်လုပ်ထားတယ်ဆိုတာ ကျွန်မဘက်ကသေချာတယ် စုံထောက်ချန်" သူမ ဖုန်းကိုထုတ်လိုက်ပြီး websiteတစ်ခုထဲသို့ ဝင်ပြကာ "မူရင်းပုံကို ရှာဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ အဲ့ပုံတွေက porn siteက ပုံတွေ"
စုံထောက်ချန် သက်ပြင်းချလိုက်ပြီး "ကျွန်တော့သူငယ်ချင်းကို ဒီsiteရှာခိုင်းကြည့်လိုက်ပါမယ်။ ဒါပေမယ့်လည်း မိန်းကလေးခန်လင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေထွက်ဆိုထားတော့ လစ်လျူရှုလို့ကလည်း မရပြန်ဘူး"
"ဒါဆိုရင်လည်း သေသေချာချာလေး စစ်ဆေးပေးပါ။ ကျွန်မယောက်ျားက ထိပ်ဆုံးမှာပဲ အကြာကြီးရှိနေခဲ့တော့ အမှောင်ထဲကလူတွေက အချိန်ပြည့်သူ့ကိုပဲ ဆွဲချဖို့ကြံနေကြတာ" တခြားစကားဖြင့်ဖော်ပြရလျင် ခန်လင်းက သူမယောက်ျားကို ချောက်ချဖို့ကြိုးစားနေသည်ဟု။
"လုရီဖုန်းဇနီးအနေနဲ့ ကျွန်မယောက်ျားတစ်ယောက်လုံးကို တစ်ခြားသူက ဂုဏ်သရေညှိုးနွမ်းအောင် ကြိုးစားနေတာကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘူး။ နောက်ကွယ်က တရားခံအစစ်ကို ဖမ်းပေးနိုင်မယ်ဆိုရင်တော့ စုံထောက်ကြီးကို သေချာပေါက်ကျေးဇူးတင်မိမှာပါ"
"ခင်ဗျားကို အခုလိုပုံစံတွေ့ရတာ တကယ်အံ့သြမိတယ်။ ခင်ဗျားယောက်ျားက လိမ်ထားတာလည်း ဖြစ်နိုင်တာပဲလေ"
BẠN ĐANG ĐỌC
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Lãng mạnသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...