VVIP❣️"ဘာဗျ"
အိပ်ယာထထချင်း ကိုနိုင်လာပြသည့် စာချူ ပ်ကြောင့် သစ်ကူးစိတ်တိုကာအော်ပစ်လိုက်သည်။
ဒါစိတ်မတိုစရာကိစ္စလားစဉ်းစားကြည့်ဗျာ။
မနေ့ကမှ သောက်မြင်ကပ်လွန်းလို့ ကြည့်မရပါဘူးဆိုတဲ့လူရဲ့ ကုမ္မဏီမှာမှ ယနေ့ကစပင်တိုင်မော်ဒယ်လုပ်ရမည်တဲ့။
လူသာလာသတ်သွားကြပါတဲ့လား။
အဲ့ဒီဂေးကြီးကိုမုန်းပါတယ်ဆိုမှ 2နှစ်တိတိကြီးများ အလုပ်အတူလုပ်ရအုံးမတဲ့။အလုပ်ကိုလက်ခံတာ သစ်ကူးထောက်ခံပါတယ်။
ဒါပေမဲ့ လူကိုကြည့်လေ။
သစ်ကူးလို ခပ်ချောချော ခပ်ဖြောင့်ဖြောင် မော်ဒယ်လေးကို အဲ့ဒီလူလို နှာဘူးနဲ့အလုပ်တွဲလုပ်ခိုင်းစရာလား။မသကာ လူကိုတက်ဆော်သွားတော့
Entကဘယ်လိုတာဝန်ယူပေးမှာတဲ့လဲ။
ယောကျာ်းချင်း လက်သီးသာယဉ်ထိုးပစ်လိုက်ချင်တယ် အဲ့ဒီလူနဲ့တော့ အတူမလုပ်ရဲပေါင်။ (အလုပ်🙃)"ရော့ ရော့ မင်းအကြောင်းသိလို့ သံပရာရည်ဖျော်လာတက် သွေးကျအောင်သောက်လိုက်"
"သံပရာရည်က သွေးကျလို့လား"
"ထင်တာပဲ သောက်လိုက်စမ်းပါကွာ
မဟုတ်ရင် မင်းမျက်နှာကြီးပေါက်ထွက်တော့မယ်""ကျနော်လက်မခံဘူးကိုနိုင်
Entကိုသွားပြန်ပြောလိုက် အဲ့လူနဲ့ချူ ပ်ထားတဲ့စာချူ ပ်ဖျက်လိုက်လို့ ကျသလောက်ငွေကျနော်ရော်မယ်ဗျာ""ရမင်ထင်နေလို့လား အကုန်လုံးက ဘာမှအထွန့်မတက်ရဲလို့ ဦးမာန်ဟုန်ခွင်းပြောသမျှခေါင်းငြိမ့်နေရတာကွ"
"အဲ့ဒါပဲ ခင်ဗျားတို့အားလုံး အဲ့လူကိုကြောက်နေလို့လဲ ဟိုလူကလိုချင်သမျှရအောင်ယူနေတာ
ပေး အဲ့လူလိပ်စာ""မင်းကဘာသွားလုပ်မလို့လဲ"
"ဟ ကျနော်မလုပ်နိုင်တဲ့အကြောင်းသွားပြောမလို့လေ"
"သွားပြောလေ အဲ့ဒါမှ ဟိုကမင်းကိုတက်လုပ်သွားမယ်"
အိစ်။ ကိုနိုင်ရဲ့အတစ်လိုက်အတုံးလိုက် စကားကြောင့် ဖင်ကျိမ်းသွားရသည်။